Social Icons

Pages

Friday, June 8, 2018

JCC အဖွဲ့ဖွဲ့စည်းခြင်းသည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိခြင်းနှင့် ယင်းအဖွဲ့၏ အစီရင်ခံစာကို လွှတ်တော်မှ မှတ်တမ်းတင်ခြင်းတို့ကို ကန့်ကွက်ကြောင်း ဆွေးနွေးခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြား


တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်း။

နေပြည်တော် ၈-၆-၂ဝ၁၈

ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (Joint Coordinating Committee on Hluttaw Development-JCC) ၏ အစီရင်ခံစာကို တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ဇင်လင်းက ၎င်းအဖွဲ့ဖွဲ့စည်းခြင်းသည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိခြင်းနှင့် ယင်းအဖွဲ့၏ အစီရင်ခံစာကို လွှတ်တော်မှ မှတ်တမ်းတင် ခြင်းတို့ကို ကန့်ကွက်ကြောင်း ဆွေးနွေးခဲ့ခြင်းနှင့် ပတ်သက်၍ မီဒီယာများအား ဖြေကြားချက်များကို ဖော်ပြပေး

''ကန့်ကွက်ဆွေးနွေး ရတာကတော့ ဒီအဖွဲ့ (Joint Coordinating Committee on Hluttaw Development- JCC) ရဲ့ရည်ရွယ်ချက်ကို မကြိုက်လို့ မဟုတ်ဘူး။ ရည်ရွယ်ချက်ကကောင်းတယ်။ ရည်ရွယ်ချက်က ဘာလဲဆိုတော့ လွှတ်တော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့၊ လွှတ်တော်တွေကို ထောက်ပံ့ပေးနေတဲ့ ဝန်ထမ်းတွေ တိုးတက်ဖို့။ ဒါတွေဆောင်ရွက်တာကို ကြိုက်တယ်။ သို့သော်လည်း လုပ်ထုံးလုပ်နည်းဖြစ်တဲ့ JCC အဖွဲ့ကို ဖွဲ့တဲ့အခါမှာ နည်းဥပဒေ၊ ဥပဒေတွေနဲ့ မညီလို့၊ ပထမအကြိမ်လွှတ်တော်သက်တမ်းတုန်းက ဒီအဖွဲ့ကို ဖွဲ့ခဲ့တယ် ပြောတယ်။ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ နဲ့အညီဖွဲ့ခဲ့တယ်။'' ''အခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ပြည်သူ့လွှတ်တော် မှာပဲ ဖွဲ့ခဲ့တယ်။

ဖွဲ့တယ်ဆိုတာလည်း ဘာဥပဒေနဲ့ အညီဖွဲ့တယ်ဆိုတာ မကြေညာဘူး။ မကြေညာတဲ့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း အသိမပေးခဲ့ဘူး။ သို့သော်လည်း အဲ့ဒီ JCC အဖွဲ့ကို ပြည်သူ့လွှတ်တော် ကနေပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာ ပြောင်းဖွဲ့လိုက်တဲ့အခါ ဖျက်သိမ်းတယ် ဆိုတာကိုပဲ ကြေညာခဲ့တယ်။ ဖျက်သိမ်းပြီးရင် ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့တဲ့အခါ JCC အဖွဲ့ကို ဘယ်နည်းဥပဒေ၊ ဥပဒေတွေနဲ့ ဖွဲ့စည်းခဲ့တယ် ဆိုတာမပါဘူး။ အဲ့တော့ ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၁ဝ၅(ခ)မှာ ဘယ်လိုပြဋ္ဌာန်း ထားလဲဆိုတော့ ကော်မတီတွေ ဒါမှမဟုတ် အဖွဲ့တွေကို ဖွဲ့စည်းတဲ့အခါ တူညီတဲ့ လွှတ်တော် ကိုယ်စားလှယ် အရေအတွက်နဲ့ ဒါမှမဟုတ် သင့်တော်တဲ့ နိုင်ငံသားတွေနဲ့ ဖွဲ့လို့ရတယ်။ ပြီးရင် ဒီကော်မတီရဲ့ သို့မဟုတ် အဖွဲ့တွေရဲ့သက်တမ်း၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေ ကြေညာပေးရမယ် ပြောတယ်။

အဲ့တော့ ဥပမာပြောရရင် ဒီနေ့ပြည်ထောင်စု လွှတ်တော်မှာရှိတဲ့ အထူးသဖြင့် အထူးကိစ္စရပ်များ ကော်မရှင်။ ကော်မရှင်ဆိုရင် လွှတ်တော်မှာ တင်ပြခဲ့တယ်။ သဘောတူညီမှု ယူတယ်။ ပြီးရင် တစ်နှစ်တစ်ခါ သက်တမ်းတိုးနေတယ်။'' ''အခု JCC အဖွဲ့က အဲ့လိုမျိုး ဆောင်ရွက်တာ တစ်ကြိမ်မှမရှိဘူး။ နောက်တစ်ခါ အမိန့်ကြော်ငြာစာတွေကို ကိုယ်စားလှယ်တွေထံ မဖြန့်ခဲ့ဘူး။ အဲ့ဒီ အစီရင်ခံစာမှာ ဘာပါလဲဆိုတော့ ကော်မတီအဖွဲ့ဝင်တွေ၊ အထူးကိစ္စရပ် ကော်မရှင် အဖွဲ့ဝင်တွေ နောက်ပြီးတော့ လဲလှယ်တာတွေလည်း ရှိတယ်။ အဲ့လဲလှယ်တာတွေ ကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေကို အသိမပေးခဲ့ဘူး။ အသိမပေးခဲ့တဲ့အပြင် လွှတ်တော် Website မှာရှိတဲ့ ကြေညာချက်၊ ပြည်ထောင်စုလွှတ်တော် Website မှာအမိန့်ကြော်ငြာစာ Section ရှိတယ်။

အဲ့မှာလည်း ရှာတယ်မတွေ့ဘူး။ အဲ့တော့ ဒီ JCC အဖွဲ့ကိုဖွဲ့ထားတာ ကိုယ်စားလှယ်တွေ အနေနဲ့ နံပါတ်(၁) မသိခဲ့ရဘူး။ နံပါတ်(၂) ပြောင်းလဲဖွဲ့စည်း တာတွေလည်း မသိရဘူး။ အခု အစီရင်ခံစာ တင်မှသာ သိခဲ့ရတာဖြစ်တယ်။ အဲ့တော့ နည်းဥပဒေ၊ ဥပဒေတွေနဲ့မညီလို့ ကန့်ကွက်ရတာ ဖြစ်ပါတယ်။'' ''ဒုတိယ တစ်ခုကတော့ MoU လက်မှတ်ထိုးတဲ့ကိစ္စ။ အခု မိတ်ဖက်အဖွဲ့ ၁၃ ဖွဲ့ရှိတယ်လို့ ပြောတယ်။ ဒီလိုအဖွဲ့တွေနဲ့ လက်မှတ်ထိုးရင် နိုင်ငံတော် သမ္မတတောင်မှ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေပုဒ်မ ၅၉၊ ၆ဝ၊ ၆၁ အရ နိုင်ငံတကာ သဘောတူ စာချုပ်ကို လက်မှတ်ထိုးခွင့် ရှိတယ်။ ၆၁ အရ သဘောတူ စာချုပ်တွေ လက်မှတ်ထိုးမယ်ဆိုရင် နိုင်ငံတော်သမ္မတပဲ ထိုးခွင့်ရှိတဲ့ စာချုပ်တွေရှိတယ်။

ပြည်ထောင်စု လွှတ်တော်ကို တင်ပြပြီးမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးပြီး အတည်ပြုချက်ရမှ လက်မှတ်ထိုးရမယ့် MoU စာချုပ်တွေရှိတယ်။ ဒီနေ့ JCC အဖွဲ့သည် မည်သူ့ကို ကိုယ်စားပြုပြီးထိုးတာလဲ၊ ပြည်ထောင်စု လွှတ်တော်ကို ကိုယ်စားပြုပြီးဖွဲ့တာလား ဒါမှမဟုတ် အခြား နည်းဥပဒေ၊ ဥပဒေတွေနဲ့ MoU လက်မှတ်ထိုးတာလား မသဲကွဲဘူး။ ဒါကြောင့်မို့ MoU လက်မှတ်ထိုးတဲ့ အခါမှာလည်း ဘယ်ဥပဒေ၊ နည်းဥပဒေတွေနဲ့ လုပ်တာလဲလို့ ကျွန်တော်တို့က ကန့်ကွက်တာပါ။'' ''နားလည်မှုလွဲသွားမှာ အကြောက်ဆုံး ကတော့ ယနေ့လွှတ်တော်တွေ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်ကွက်တာ မဟုတ်ပါဘူး။ MoU ရဲ့ ရည်ရွယ်ချက်ကို ကြိုက်လည်းကြိုက်တယ်။ ကြိုလည်းကြိုဆိုတယ်။

သို့သော်လည်း ကျွန်တော်တို့ ကန့်ကွက်တာသည် ကျွန်တော်တို့ဟာ ဥပဒေပြဋ္ဌာန်းတဲ့ မဏ္ဍိုင်မှာ ရှိနေတယ်။ အဲ့တော့ ဥပဒေပြဋ္ဌာန်းတဲ့ မဏ္ဍိုင်မှာရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးဟာ ဥပဒေ မချိုးဖောက်တဲ့ သူတွေဖြစ်ဖို့ အရေးကြီးတယ်။ ကိုယ်ကိုယ်တိုင်က မချိုးဖောက်မှ ကျန်တဲ့သူတွေကို Check and Balance လုပ်လို့ရမှာ။

ဒါ့ကြောင့်မို့ ဒီကနေ့ JCC ဖွဲ့တယ်။ ဖွဲ့စည်းတာနဲ့ သက်တမ်းတိုးတာ တို့မရှိတဲ့အတွက် နည်းဥပဒေ၊ ဥပဒေတို့နဲ့အညီ ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့တာကို ကန့်ကွက်တာ ဖြစ်ပါတယ်။ ဒါလေးကို ပေါ်လွင်စေချင်ပါတယ်'' ဟု တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်းကပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...