Social Icons

Pages

Friday, June 8, 2018

မြို့နယ် သုံးမြို့နယ်တွင် ရှေ့ပြေးစီမံချက်ဖြင့် တပ်ဆင်မည့် ဒစ်ဂျစ်တယ်မီတာများ အသစ်တပ်ဆင်ခ တစ်သိန်း



မန္တလေး ၈-၆-၂ဝ၁၈

မန္တလေး ချမ်းအေး သာစံမြို့နယ်၊ အောင်မြေသာစံ မြို့နယ်၊ မဟာအောင်မြေမြို့နယ် သုံးမြို့နယ်တွင် ရှေ့ပြေးစီမံချက်ဖြင့် လက်ရှိ အသုံးပြုနေသော ရိုးရိုးမီတာများကို အော်တိုမက် တစ်ဒစ်ဂျစ်တယ် မီတာစနစ်ဖြင့် ယခု ဇွန်လမှစတင်၍ ပြောင်းလဲတပ်ဆင်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်ထံမှ သိရသည်။

အော်တိုမက်တစ် ဒစ်ဂျစ်တယ် မီတာတပ်ဆင်ခြင်းကို မဖြစ်မနေ တပ်ဆင်ရမည့် ပုံစံမျိုးမဟုတ်ဘဲ တပ်ဆင်ရန် ဆန္ဒရှိသူများကို တပ်ဆင် ပေးမည်ဖြစ်ပြီး ပြည်သူများပူးပေါင်း ပါဝင်လာရန် ရှင်းလင်းဆွေးနွေး အသိပေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"အော်တိုမက်တစ် ဒစ်ဂျစ်တယ် မီတာစနစ်ဆိုတာ နေအိမ်အသီးသီးမှာ အသုံးပြုနေတဲ့ ရေမီတာတွေကို မီတာဖတ်သူက အိမ်ဝင်းထဲဝင်ပြီး မီတာတစ်လုံးချင်း လိုက်ဖတ်နေဖို့ မလိုဘဲ အိမ်ရှေ့လမ်းမက မီတာဖတ်သူ ဖြတ်သွားရုံနဲ့ အိမ်ကအသုံးပြု ထားတဲ့ ရေမီတာနံပါတ်တွေ မီတာဖတ်စာရေးနဲ့ စည်ပင်ရုံးက ကွန်ပျူတာတွေအတွင်း ကျသင့်ငွေပမာဏ ချက်ချင်းမှတ်တမ်း ဝင်သွားမယ့်စနစ်သစ်ပါ။ အော်တို မက်တစ်ဒစ်ဂျစ်တယ် မီတာအလုံး ရေ ၂၈ဝဝ တပ်ဆင်ဖို့ လျာထားပါတယ်"ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြသည်။

မန္တလေး ချမ်းအေးသာစံ မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေ မြို့နယ် သုံးမြို့နယ် အတွင်းရှိ ၇၈ လမ်းနှင့် ၈၄လမ်းကြား၊ ၂၂လမ်းနှင့် ၄၅လမ်းကြား ကိုလည်းကောင်း၊ လမ်း ၈ဝနှင့် ၈၆လမ်းကြား၊ ၁၂လမ်းနှင့် ၂၆ လမ်းကြားကို လည်းကောင်း၊ လမ်း ၆ဝနှင့် ၆၆လမ်းကြား၊ ၁၉လမ်းနှင့် ၂၆လမ်းကြားကို လည်းကောင်း ရှေ့ပြေးစီမံချက်ဖြင့် လုပ်ဆောင် သွားမည်ဖြစ်ပြီး အော်တိုမက်တစ် ဒစ်ဂျစ်တယ်မီတာ အလုံးရေ ၂၈ဝဝ တပ်ဆင်သွားမည် ဖြစ်သည်။

အော်တိုမက်တစ် ဒစ်ဂျစ်တယ် မီတာတပ်ဆင်ခြင်း ရှေ့ပြေးစီမံချက်ကို ယခုနှစ် ဇွန်လမှ စက်တင်ဘာ လအတွင်း လေးလ စီမံချက်ဆောင်ရွက် သွားမည်ဖြစ်ရာ တပ်ဆင်ခများကို အသစ်တပ်ဆင်မှု အတွက် ငွေကျပ် တစ်သိန်း ကျသင့်မည်ဖြစ်ရာ ရိုးရိုးမီတာ ရှိသူများအတွက် မီတာအဟောင်းလဲလှယ် တပ်ဆင်ပေးမည် ဖြစ်ရာ ငွေကျပ် ၆၅ဝဝဝ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...