နေပြည်တော် ၉-၅-၂ဝ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် အတွင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် တာမိုးညဲ၏ အရှေ့မြောက်ဘက်မီတာ ၂ဝဝဝခန့်အကွာသို့ အရောက်၌တောင်ယာတဲတစ်လုံး တွေ့ရှိသဖြင့် ဝင်ရောက်ရှာဖွေရာ တဲအတွင်းရှိ အိပ်ရာဘေးတွင် စောင်ဖြင့်ဖုံးအုပ်ထားသော ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြားအမှုန့်များ ထည့်ထားသည့် ကိုးဂရမ်ခန့်ပါ ဆပ်ပြာခွက် ၁ဝဝ(ခန့်မှန်းဂရမ် ၉ဝဝ) (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၃ဝကျော်) တို့ကို ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ကွတ်ခိုင်မူးယစ်စုသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment