Social Icons

Pages

Thursday, May 10, 2018

တောအုပ်အတွင်း ရပ်တန့်ထားသည့် ပိုင်ရှင်မဲ့ ယာဉ်တစ်စီးပေါ်မှ မြွေခြင်းများဖမ်းမိ



မန္တလေး ၁ဝ-၅-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံ ကျေးရွာအုပ်စု၊ ဈေးကုန်းကျေးရွာ မြောက်ဘက် တစ်မိုင်ခန့်အကွာ မီးရထားသံလမ်း ဘေးချုံတောထဲတွင် ရပ်ထားသည့် ယာဉ်တစ်စီးပေါ်မှ မြွေခြင်းများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအုပ်စု၊ ဈေးကုန်းကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခန့်အကွာ မီးရထား သံလမ်းလေး ချုံတောထဲတွင် မေ ၈ ရက် မွန်းတည့် ၁၂နာရီက ယာဉ်တစ်စီးရပ်တန့် ထားကြောင်း သတင်းအရ ပိတ်ချင်းမြောင် ရဲကင်းစခန်းမှ နယ်ထိန်း ဒုတိယရဲအုပ် ဇင်မင်းဦးနှင့် တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင် သစ်တောဦးစီးဌာန၊ သစ်တောဘိနယ်မှ တောအုပ်ဦးမြင့်လွင်နှင့် အဖွဲ့၊ ဈေးကုန်းကျေးရွာ ရပ်မိရပ်ဖ ဦးအောင်ကျော်ဝင်း၊ ရာအိမ်မှူး ဦးမောင်ကြည်တို့ နှင့်အတူ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေး ခဲ့ရာချုံတောထဲသို့ ပိုင်ရှင်မဲ့ MDY 7K/----- ALAPHARD အဖြူ (ယာဉ်လိုင်စင်စိစစ်ဆဲ) မော်တော်ယာဉ် တစ်စီးကိုတွေ့ရှိရပြီး ယာဉ်မှာသော့များ ခတ်ထားသဖြင့် ယာဉ်ကိုပိတ်ချင်းမြောင် ရဲကင်းစခန်းသို့ ဆွဲယူလာခဲ့ကြောင်း၊ မော်တော်ယာဉ်ကို သက်သေအများ ရှေ့တွင် ဖွင့်၍ စစ်ဆေးရာ ယာဉ်အတွင်းမှ အလျား ၁၈ လက်မ၊ အနံ ၁၂ လက်မ၊ အမြင့်ရှစ်လက်မခန့်အရွယ်ရှိ ပလတ်စတစ်ခြင်းအတွင်း အဝတ်အိပ်ဖြင့် ထုပ်ပိုးထားသည့် မြွေခြင်း ၇၈ ခြင်းနှင့် အဝတ်အိတ်ဖြင့် ထုပ်ပိုးထားသည့် မြွေအိတ်လေးအိတ်တို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင်မြွေများ သယ်ဆောင်လာသည့် ယာဉ်ပိုင်ရှင်နှင့် မြွေပိုင်ရှင်တို့ကို ဥပဒေအရ အရေးယူပေးနိုင်ပါရန် တောအုပ်ဦးမြင့်လွင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပိတ်ချင်းမြောင်ရဲကင်း
စခန်းက (ပ)၃၆/၂ဝ၁၈၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၆ (က)ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...