Social Icons

Pages

Thursday, May 10, 2018

ယခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီးသို့ နိုင်ငံခြားခရီးသွား ဧည့်သည် ငါးသိန်းကျော်ခန့် လာရောက်လည်ပတ်မည်ဟု ခန့်မှန်း



မန္တလေး ၁ဝ-၅-၂ဝ၁၈

ယခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီးသို့ နိုင်ငံခြားခရီးသွား ဧည့်သည် ငါးသိန်းကျော်ခန့် လာရောက် လည်ပတ်မည်ဟု ခန့်မှန်းထားကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ပြုစုထားသော စာရင်းများအရ ယခုနှစ် နှစ်စပိုင်းမှ လက်ရှိအချိန်ထိ မန္တလေးတိုင်း ဒေသကြီးသို့ နိုင်ငံခြားခရီးသွား ဧည့်သည် နှစ်သိန်းခန့် လာရောက် လည်ပတ်ခဲ့ပြီး ယင်းတို့အနက် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကာ ပြင်သစ်၊ ထိုင်း၊ ဂျာမနီ၊ အမေရိကန်၊ အီတလီ၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့မှလည်း လာရောက်လည်ပတ် ကြကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ၂ဝ၁၆ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည် သုံးသိန်းကျော် လာရောက် လည်ပတ်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် လေးသိန်းကျော် လာရောက်လည်ပတ် ခဲ့သဖြင့် နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်လာကာ ယခုနှစ်တွင် ငါးသိန်းကျော်ခန့် လာရောက်လည်ပတ် နိုင်သည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ခရီးသွား လုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန် မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ခရီးစဉ်ဒေသ အသစ်များ ဖော်ဆောင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များအား ရေရှည် တည်တံ့စေရန် စနစ်တကျ စီမံကွပ်ကဲခြင်းများ ဆောင်ရွက်လျက် ရှိသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ထင်ရှားသော ခရီးသွားနေရာဒေသ အများအပြားရှိပြီး မန္တလေးတောင်၊ မြနန်းစံကျော် ရွှေနန်းတော်၊ မဟာမုနိရုပ်ရှင်တော် မြတ်ကြီးနှင့် ဦးပိန်တံတား တို့သည် နိုင်ငံခြားခရီးသွား ဧည့်သည် အများဆုံး လည်ပတ် လေ့ရှိသော နေရာများ ဖြစ်သည်။

ထို့ပြင် မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများ ဖြစ်သော ရွှေချည်ထိုးလုပ်ငန်း၊ ရက်ကန်း လုပ်ငန်းနှင့် ရွှေပြားခတ် လုပ်ငန်းများသို့လည်း သွားရောက်လည်ပတ်ကာ ကြည့်ရှုလေ့လာ ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...