Social Icons

Pages

Friday, April 6, 2018

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်းနှင့် အဝေးပြေးယာဉ်လိုင်း များတွင် YRTA အစီအမံဖြင့် ယာဉ်လိုင်းများ အင်အားဖြည့်ပြေးဆွဲဆောင်ရွက်မည်



ရန်ကုန် ၆-၄-၂ဝ၁၈

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများနှင့် ရန်ကုန်မြို့ ပြင်ပအဝေးပြေး ယာဉ်လိုင်းများတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) အစီအမံဖြင့် ယာဉ်လိုင်းများ အင်အားဖြည့်ပြေးဆွဲ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ ဧပြီ ၄ ရက် သတင်းထုတ်ပြန် ချက်များအရ သိရသည်။

ထိုသို့ ပြေးဆွဲပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) ၏ စီမံဆောင်ရွက်မှုဖြင့် ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသောYRTAမော်တော်ယာဉ်လိုင်း ၆၁လိုင်း၊ မော်တော်ယာဉ်အစီးရေ ၆၇၉စီးဖြင့် ပုံမှန်ပြေးဆွဲနေသော လမ်းကြောင်းများအတိုင်း သတ်မှတ်ယာဉ် စီးခနှုန်းထားများဖြင့် အင်အားဖြည့် ပြေးဆွဲပေးသွားမည် ဖြစ်သည်။

သင်္ကြန်ကာလအတွင်း အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်း အဝေးပြေး ယာဉ်လိုင်းများတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ စီမံကွပ်ကဲမှုအောက်ရှိ ယာဉ်လိုင်းများမှ ခရီးသည်တင် မော်တော်ယာဉ်များဖြင့် အင်အားဖြည့် ပြေးဆွဲပေးသွားမည်။

အဆိုပါ သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးမှ အခြားသောပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြေးဆွဲနေသည့် အဝေးပြေး ခရီးသည်တင် မော်တော်ယာဉ်များသည် ဧပြီ ၈ ရက်ထိ ပုံမှန်ပြေးဆွဲ ပေးသွားမည်ဖြစ်ပြီး ဧပြီ ၉ ရက်မှ ၁၆ ရက်ထိ အောင်မင်္ဂလာ အဝေးပြေးနှင့် ဒဂုံ-ဧရာအဝေးပြေး ယာဉ်ရပ်နား စခန်းတို့မှထွက်ရှိသည့် အဝေးပြေးခရီးသည်တင် မော်တော်ယာဉ်များအနေဖြင့် အလှည့်ကျရပ်နားခြင်း၊ ပြေးဆွဲခြင်းများကို ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...