Social Icons

Pages

Friday, April 6, 2018

ပြည်ကြီး တံခွန်မြို့နယ် နွားဘေးမဲ့ ဟိန္ဒူဘုရားကျောင်း အပေါ်ထပ်ရှိ ဘုရားခန်းအတွင်း အမွှေးတိုင် မီးပူဇော်ထားခဲ့ရာမှ အခင်းမွေ့ရာပေါ်သို့ ပြုတ်ကျ မီးလောင်မှုဖြစ်ပွား



မန္တလေး ၆-၄-၂ဝ၁၈

မန္တလေး ပြည်ကြီးတံခွန် မြို့နယ် တံခွန်တိုင်ရပ်ကွက် တာဝန်ခံ ဦးစိန်လင်းအောင်၏ ပေ (၈ဝ×၃ဝ) သွပ်မိုး၊ပျဉ်းခင်း၊ အုတ်ညှပ်နှစ်ထပ် နွားဘေးမဲ့ ဟိန္ဒူဘုရား ကျောင်းအပေါ်ထပ်ရှိ ဘုရားခန်းအတွင်း ည ၆နာရီ ၁၅မိနစ်က အမွှေးတိုင်မီး ပူဇော်ထားခဲ့ရာမှ အခင်းမွေ့ရာပေါ်သို့ ပြုတ်ကျ၍ မီးလောင်မှုစတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို ည ၆ နာရီ ၁၇ မိနစ်တွင် သတင်းရရှိသဖြင့် မီးလောင်မှု ဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ရှစ်စီး၊ မီးသတ်ရေသယ် ယာဉ်နှစ်စီး၊ အုပ်ချုပ်မှု ယာဉ်နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ဦးရေ ၃ဝ၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ဦးရေ ၅ဝ ဦးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ မီးငြှိမ်းသတ်ရေဂါလန် ၄၈ဝဝ၊မီးကြွင်း မီးကျန်ရေဂါလန် ၂၄ဝဝ အသုံးပြု ငြှိမ်းသတ်ခဲ့ပြီး ည ၆နာရီမိနစ် ၃ဝတွင် မီးထိန်းနိုင်ကာ ၆ နာရီ ၃၅ မိနစ်တွင် မီးလုံးဝ ငြိမ်းခဲ့သည်။

မီးလောင်မှု ကြောင့်ပေ (၈ဝ×၃ဝ) သွပ်မိုး၊ ပျဉ်းခင်း၊ အုတ်ညှပ် နှစ်ထပ် အပေါ်ထပ်ရှိ ဘုရားခန်း၊ ပျဉ်ခင်းနှင့် မျက်နှာကြက်များ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၇၈ဝဝဝဝခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စိန်လင်းအောင် (ဘ) ဦးဘာကျူးလားကို ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့်ရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...