Social Icons

Pages

Friday, April 6, 2018

အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့ရှိ Eastern Naval Command သို့ ချစ်ကြည်ရေး အလည်အပတ် ခရီးသွားရောက်ခဲ့သည့် တပ်မတော် (ရေ) မှ စစ်ရေယာဉ် နှစ်စင်းပြန်လည် ရောက်ရှိ




နေပြည်တော် ၆-၄-၂ဝ၁၈

အိန္ဒိယနိုင်ငံ၊ Port Blair ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်း ရေတပ်များ တွေ့ဆုံပွဲ (MILAN - 2018) ခရီးစဉ်အပြီး အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့ရှိ Eastern Naval Command သို့ ချစ်ကြည်ရေး အလည် အပတ်ခရီးသွား ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ ဓညဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ် မှူး ဗိုလ်မှူးကြီး ကျော်စိုးမိုး ဦးဆောင်သော စစ်ရေယာဉ်(ဆင်ဖြူရှင်)နှင့် စစ်ရေယာဉ် (အင်းလေး)တို့သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃) ဆိပ်ခံတံတားသို့ ပြန်လည်ရောက်ရှိလာရာ ရေတပ် လေ့ကျင့်ရေး ဌာနချုပ် ဌာနချုပ်မှူးဗိုလ်ချုပ်ဌေးနိုင်နှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

(MILAN - 2018) သို့ မြန်မာနိုင်ငံမှ စစ်ရေယာဉ်(ဆင်ဖြူရှင်)နှင့် စစ်ရေယာဉ်(အင်းလေး)အပါအဝင် နိုင်ငံ ပေါင်း ၁ဝ နိုင်ငံမှ စစ်ရေယာဉ် ၁၇ စင်း ပါဝင်တက်ရောက်ခဲ့ပြီး Seminar နှင့် Tabletop Exercise များ တက်ရောက် ဆွေးနွေးခြင်း၊ ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း ၊ International City Parade ၌ ပါဝင်ဆောင်ရွက်ခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများသို့ ပါဝင်ဆင်နွှဲခြင်း၊ စစ်ရေယာဉ် များ ပေါ်သို့ အပြန်အလှန် လည်ပတ်ခြင်း၊နိုင်ငံတကာ ယဉ်ကျေးမှုပြပွဲနှင့် ရိုးရာ အစားအစာများ တည်ခင်း ဧည့်ခံပွဲတွင် ပါဝင်ဆင်နွှဲခြင်း၊ စစ်ရေယာဉ်မှ အရာရှိ၊ စစ်သည်များ Port Blair မြို့အတွင်း လေ့လာရေး ခရီးသွားရောက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့ရှိ Eastern Naval Command သို့သွားရောက်ခဲ့သည့် ချစ်ကြည်ရေး ခရီးစဉ် အတွင်း နှစ်နိုင်ငံ ရေတပ်အချင်းချင်း လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်း၊ Eastern Naval Command ရှိ သင်တန်း ကျောင်းများသို့ သွားရောက်လေ့လာခြင်း၊ စစ်ရေယာဉ်များ ပေါ်သို့ အပြန်အလှန် လည်ပတ်ခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ဆောင်ရွက်ခြင်း၊ စစ်ရေယာဉ်မှ အရာရှိ၊ စစ်သည်များ Visakhapatnam မြို့အတွင်း လေ့လာရေး ခရီး သွားရောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ယခု သွားရောက်ခဲ့သည့် ခရီးစဉ် အသွား/အပြန် ခရီး အကွာ အဝေးသည် ရေမိုင် ၄၅ဝဝမိုင် ခန့်ရှိကြောင်း သတင်းရရှိသည်။ 

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...