Social Icons

Pages

Tuesday, April 3, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကုန်းကြမ်း၊ ညံခွမ်းနှင့် လောက်ကိုင်မြို့တို့ရှိ နယ်မြေခံ တပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေး စကားပြောကြား



ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
 လောက်ကိုင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေး စကားပြောကြားစဉ်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ညံခွမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များ၊ တပ်နှင့်ပတ်သက်၍ လိုအပ်ချက်များအား ရင်းနှီးပွင့်လင်းစွာ မေးမြန်းညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ညံခွမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာများပေးအပ်စဉ်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း 
ကုန်းကြမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်စဉ်။

နေပြည်တော် ၃-၄-၂ဝ၁၈

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နေ့လယ်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကုန်းကြမ်း၊ ညံခွမ်းနှင့် လောက်ကိုင် တပ်နယ်တို့သို့ လှည့်လည်၍ နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။

တွေ့ဆုံပွဲများသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့်အတူ ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင် များတက်ရောက်ကြသည်။

တွေ့ဆုံပွဲများတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)က ရှမ်းပြည်နယ်မြောက်ပိုင်း၌ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို သက်စွန့်ကြိုးပမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော အရာရှိ၊ စစ်သည်၊ ရဲမေများကို လာရောက်တွေ့ဆုံ ဂုဏ်ပြုစကားပြောကြားခြင်း၊ လိုအပ်ချက်များကို ချက်ချင်းဖြည့်ဆည်းပေးနိုင်ရေး ကိုယ်တိုင်ကိုယ်ကျလာရောက် ကြည့်ရှုမေးမြန်း ခြင်းဖြစ်ပါကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် တပ်ရင်းလုံခြုံရေး၊ တပ်နယ်လုံခြုံရေး၊ နယ်မြေဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တပ်တွင်းစည်းလုံးညီညွတ်ရေးအား ပိုမိုကျစ်လစ်ခိုင်မာအောင် တည်ဆောက်လျက် တပ်နယ်အလိုက် တပ်ပြင်စည်းရုံးရေး ဆိုင်ရာ ကိစ္စရပ်များပါ တစ်ပါတည်း ဆောင်ရွက်ရန်လိုသည့် အချက်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသနှင့် နီးစပ်လျက်ရှိသော ဒေသဖြစ်၍ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်မခံရစေရေး တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်ရန် လိုအပ်သည့်ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စစ်သည်၊ ရဲမေ၊ မှီခိုများ ပါဝင်ပတ်သက်မှုမရှိစေရေး နှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် သက်ဆိုင်ရာဒေသအစိုးရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူများနှင့် အတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား အသေးစိတ် မှာကြားသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးဆိုင်ရာကိစ္စရပ်များ၊ တပ်နှင့်ပတ်သက်၍ လိုအပ်ချက်များအား ရင်းနှီးပွင့်လင်းစွာ မေးမြန်းညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲများအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က တပ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော တို့က သုတ/ရသ စာအုပ်စာစောင်များ၊ စားသောက်ဖွယ်ရာများနှင့် အားကစားပစ္စည်းများကို အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသော နယ်မြေခံတပ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် ခဲ့ကြသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်နယ်အလိုက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...