Social Icons

Pages

Monday, April 2, 2018

မြဝတီရုပ်မြင်သံကြား (၂၃) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မြဝတီမီဒီယာမှ ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးမြဝတီရုပ်မြင်သံကြား (၂၃) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မြဝတီမီဒီယာမှ ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဂုဏ်ပြုအမှာစကား ပြောကြားစဉ်။

စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး ဆုရရှိသူတစ်ဦးအား ဂုဏ်ပြုဆုပေးအပ်စဉ်။

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းညီ ဆုရရှိသူတစ်ဦးအား ဂုဏ်ပြုဆုပေးအပ်စဉ်။

နေပြည်တော် ၂-၄-၂၀၁၈

မြဝတီရုပ်မြင် သံကြား (၂၃) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မြဝတီမီဒီယာမှ ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ မြဝတီရုပ်မြင်သံကြား၌ ကျင်းပသည်။

အခမ်းအနားသို့ စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းညီ၊ တပ်မတော် အရာရှိကြီးများ၊ မြဝတီမီဒီယာတွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် အငြိမ်းစားတပ်မတော် အရာရှိများ၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း၊ စာပေ၊ ဂီတ၊ရုပ်ရှင် အနုပညာရှင်များ၊ (၇၃)နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြု "စစ်ကိုမုန်း၍ တိုက်ခဲသည်" ဇာတ်ကားတွင် ပါဝင်ခဲ့ကြသည့် အနုပညာရှင်များ၊ ထူးချွန်ဆုရရှိကြသည့် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ကျင်းပရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက မြဝတီရုပ်မြင်သံကြားမှ ထူးချွန်ဆုရ စစ်သည်၊ဝန်ထမ်းများကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုများပေးအပ် ချီးမြှင့်သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် ဖိတ်ကြားထားသော စစ်ဘက်၊နယ်ဘက်မှ အရာရှိကြီးများက မြဝတီရုပ်မြင်သံကြားနှင့် မြဝတီစာပေတိုက်တို့မှ ထူးချွန်ဆုရစစ်သည်၊ ဝန်ထမ်းများနှင့် မြဝတီရောင်စုံ ဓာတ်ပုံပြိုင်ပွဲ၊ မြဝတီ၊ငွေတာရီ၊ သုတအလင်းမဂ္ဂဇင်း၊ အကောင်းဆုံးကာတွန်း၊ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်ဆုရရှိ ကြသူများ ကိုလည်းကောင်း၊ မြဝတီသတင်းစာတိုက်၊ ရတနာပုံသတင်းစာတိုက်နှင့် သဇင်အသံလွှင့်ဌာနတို့မှ ထူးချွန်ဆုရစစ်သည်၊ ဝန်ထမ်းများကို လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်သည်။ အခမ်းအနား အပြီးတွင် ဧည့်သည်တော်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး မြဝတီတေးဂီတ အဖွဲ့နှင့်တွဲဖက်၍ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တေးသံရှင်များ၊ အနုပညာရှင်များ၊ မြဝတီရုပ်မြင်သံကြားမှ တေးသံရှင်များက အဆို၊အကများဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။

မြဝတီရုပ်မြင် သံကြားကို ၁၉၉၅ ခုနှစ်မတ်လ ၂၇ရက် နှစ် ၅ဝပြည့် ရွှေရတု တပ်မတော်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယခု ၂ဝ၁၈ ခုနှစ် မတ်လ ၂၇ရက်တွင် (၇၃)နှစ်မြောက် တပ်မတော်နေ့နှင့်အတူ မြဝတီရုပ်မြင်သံကြား၏ မီဒီယာသက်တမ်းသည်လည်း (၂၃)နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ကာ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ စည်းရုံးရန်ဟူသော ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် တပ်မတော်အတွက် တာဝန်ကျေပွန် သောရုပ်သံလိုင်းတစ်ခုအဖြစ် အစဉ်ဆက်လက်ကြိုးပမ်း ရပ်တည်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...