Social Icons

Pages

Monday, April 2, 2018

ဆိပ်ကမ်းများ၌ လတ်တလော ကားထုတ်ယူရန် အခက်အခဲများ ဖြစ်ပေါ်နေ



ရန်ကုန် ၂-၄-၂ဝ၁၈

ရန်ကုန်ဆိပ်ကမ်း၌ ကားထုတ်ယူရာတွင် အခက်အခဲများ ဖြစ်နေပြီး လတ်တလော ကားထုတ်ယူ၍ မရဖြစ်နေကြောင်း ယမန်နေ့က ကျင်းပသည့် မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသူ များအသင်း ဗဟိုအလုပ် အမှုဆောင်နှင့် အလုပ်အမှုဆောင်များ အစည်းအဝေးမှ သိရသည်။

''လတ်တလော ရန်ကုန်ဆိပ်ကမ်းမှာ ကားထုတ်ယူတဲ့နေရာက အခက်အခဲတွေ ရှိနေတဲ့အတွက် ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး အသင်းအနေနဲ့ အကောက်ခွန် ဦးစီးဌာနနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောသည်။

ထို့ပြင် လိုင်စင်သက်တမ်းကုန် ဒဏ်ကြေး ကိစ္စနှင့်ပတ်သက်၍ အကောက်ခွန် ဦးစီးဌာနသို့ တင်ပြမည်ဖြစ်ပြီး လက်ရှိကား ထုတ်ယူရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကိုလည်း တင်ပြမည် ဖြစ်ကြောင်း သိရသည်။

''အရင်က သက်တမ်းရှိတဲ့ ကားတွေ ဆိပ်ကမ်းကို ရောက်ရှိတာနဲ့ သတ်မှတ်ထားတဲ့ ဆိပ်ကမ်းဒဏ်ကြေး ပေးဆောင်ရင် ထုတ်ယူလို့ရပေမယ့် လက်ရှိ ဆိပ်ကမ်းကနေ ကားထုတ်ယူတဲ့အခါ ဘာအခက်အခဲ ရှိနေလို့ ထုတ်ယူလို့ မရဖြစ်နေတာလဲ ဆိုတာကို ဆွေးနွေးညှိနှိုင်းမှာပါ'' ဟု ဦးမင်းမင်းမောင်က ပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...