Social Icons

Pages

Tuesday, February 13, 2018

ပြည်တွင်း ဈေးကွက်တွင် ပယင်းရတနာများ ဝယ်လက်များ၍ ရောင်းအားကောင်းလာ



မြစ်ကြီးနား ၁၃-၂-၂ဝ၁၈

ကချင်ပြည်နယ်အတွင်း ထွက်ရှိသည့် ပယင်းရတနာများကို ပယင်းရတနာ ရောင်းဝယ်သူများက ပြည်တွင်းဈေးကွက် ဖြစ်သည့် မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့တို့ထိ သွားရောက်ရောင်းချရာ ဝယ်လက်များ၍ ရောင်းအား ကောင်းလာကြောင်း ပယင်းရတနာ ရောင်းချသူတစ်ဦးက ပြောပြ၍ သိရသည်။

ယခုအခါ ပယင်းရတနာများကို မန္တလေးမြို့ရှိ ရတနာဈေးကွက်တွင် ရောင်းချခွင့်ရရှိပြီး အချောထည်သာ ရောင်းချခွင့်ရှိကြောင်း၊ အကြမ်းထည်များကို မြစ်ကြီးနားမြို့တွင် ပုံဖော်သွေး၍ ပုတီး၊လည်ဆွဲ၊ လက်ကောက်လုံး၊ လက်စွပ်စေ့များကိုသာ ဝယ်ယူမှုများပြားကြောင်း၊ ပယင်းရတနာ ဈေးကွက်မှာ တရုတ်နိုင်ငံသို့ ရောင်းချခွင့် မရှိသော်လည်း ပြည်တွင်း၌ ဈေးကွက်ထိုးဖောက် ရောင်းချခွင့်ရရှိနေ ခြင်းကြောင့် ပယင်းရတနာ ရောင်းဝယ်ရေးလုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း ပယင်းရတနာရောင်းဝယ်သူ များထံမှ သိရသည်။

"လွန်ခဲ့တဲ့ ခြောက်လ လောက်တုန်းကတော့ တနိုင်းဒေသထွက် ပယင်းကုန်ကြမ်းကို အချောပဲဖြစ်ဖြစ်၊ အကြမ်းပဲဖြစ်ဖြစ် တရုတ်နိုင်ငံမှာ သွားရောင်းရင် ခေါက်ချိုး အမြတ်ကျန်ပါတယ်။ အခုကတော့ တရုတ်နိုင်ငံမှာက ဝယ်လက်လဲ မရှိတော့ဘူး။ ဝယ်ပြန်တော့လဲ အရှုံးခံရောင်းရမလို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က သူတို့နိုင်ငံမှာ စီးပွားရေးလုပ်ငန်းရှင်တွေကို အတိုးနှုန်းနည်းနည်းနဲ့ ချေးငွေထုတ် ပေးတာရှိတယ်။ အခုတော့ သူတို့အစိုးရလဲ ငွေကြေးလည်ပတ်မှု ပျက်ယွင်းတာကြောင့် ချေးငွေထုတ်ပေးတာတွေ ရပ်တန့်သွားတယ်လို့ သိရပါတယ်။ အခုတော့ ပယင်းသွားရောင်းတာ အလကားပေးပြီး ပြန်ခဲ့ရမလိုတောင်ဖြစ်နေတယ်"ဟု ပယင်းရတနာရောင်းဝယ်သူ လီဆူတိုင်းရင်းသား ကိုအားခီက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...