Social Icons

Pages

Tuesday, February 13, 2018

လှိုင်သာယာ စက်မှုဇုန် သင်္ဘောကျင်းတွင် ဝရိန်ဆော်ရာမှ ပေါက်ကွဲမှုဖြစ်ပွား တစ်ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ



ရန်ကုန် ၁၃-၂-၂ဝ၁၈

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ် (၂) ရပ်ကွက်၊ စက်မှုဇုန် (၇)၊ ဆိပ်ကမ်းသာလမ်းရှိ သင်္ဘောကျင်း ဝင်းအတွင်း ယနေ့ နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့ကြောင်း လှိုင်သာယာ မြို့မရဲစခန်းမှ သိရသည်။

လှိုင်သာယာမြို့နယ်ရှိ Family Win သင်္ဘောကျင်းတွင် လွန်းတင်ထားသည့် တည်ဆောက်ဆဲ သင်္ဘောပေါ်တွင် ဝရိန်ဆော်စဉ် မီးပွင့်ထွက်ရာမှ ဒြပ်နှောများနှင့် ထိတွေ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလျားပေ ၂ဝဝ၊ အနံပေ ၅ဝ ရှိ တည်ဆောက်ဆဲသင်္ဘော၏ လေလုံတက်မခန်းမ အလျား ၁၈ပေ၊ အနံပေ ၅ဝ၊ အမြင့် လေးပေအတွင်း လွန်ခဲ့သည့် နှစ်ရက်ခန့်က ဆေးသုတ်ထားသဖြင့် စိမ့်ဝင်နေသည့် တာပင်တိုင်ဒြပ်နှော များနှင့်အင်းစိန်မြို့နယ်နေ သေဆုံးသူ ဝရိန်ဆော်သည့် မီးပွင့်များ ဓာတ်ပြု၍ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲမှုကြောင့် အင်းစိန်မြို့နယ်နေ ဝရိန်သမား အမည်မသိ အမျိုးသားသေဆုံးခဲ့ပြီး အောင်ပြည့်ဟိန်း၊ မျိုးကျော်သူထွန်း၊ မင်းထက်၊ အောင်ဇေယျာဝင်း၊ ကျော်ကျော်တို့တွင် ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့ကုသ နေရကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်၍ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေး လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...