Social Icons

Pages

Tuesday, February 13, 2018

ဝဥသည် လူသားတို့အတွက် အရေးပါသော အဓိက စားကုန်သီးနှံ တစ်မျိုးဖြစ်



နေပြည်တော် ၁၃-၂-၂ဝ၁၈

ဝဥသည် လူသားတို့အတွက် အရေးပါသော အဓိကစားကုန်သီးနှံ တစ်မျိုးဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန (နေပြည်တော်)၏ ကောက်နုတ်ချက်များအရ သိရသည်။

အဆိုပါ ဝဥမှထုတ်လုပ်သည့် သန့်စင်သောအမှုန့်တွင် ကယ်လိုရီ ပါဝင်နှုန်းမှာ ၄၅ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း၊ လူသားတို့စားသုံးပြီး အစာအိမ်ထဲတွင် ချေဖျက်ခြင်းမျိုး မဟုတ်ဘဲ အူလမ်းကြောင်းအတွင်း၌ ချေဖျက်ပြီး အူလမ်းမကြီး၏ အစာချေဖျက်မှုနှင့် ထုတ်လုပ်မှုစွမ်းအားကို တိုးတက်စေကြောင်း၊ အူလမ်းကြောင်း တစ်လျှောက် နံရံပေါ်မှ အနည်ထိုင်အမှိုက်များ ရှင်းထုတ် နိုင်စွမ်းကိုလည်း တိုးတက်စေကြောင်း၊ တစ်ဖန် လူခန္ဓာကိုယ်အတွင်း Fatty Acid ၏ Synthetic အမြန်နှုန်းကို လျော့ကျစေခြင်းဖြင့် အသည်းနှင့် သွေးတွင်းရှိ ကိုလက်စထရောဓာတ် မြင့်တက်မှုကို ကန့်သတ်စေကြောင်း သိရသည်။

ထိုသို့သွေးထဲမှ အဆီဓာတ်နှင့် အချိုဓာတ်ကို လျှော့ချစေပြီး သွေးကြောမျှင်များ ချဲ့ထွင်ပေးခြင်းဖြင့် သွေးဖိအားကို ကျစေ၍ ကိုယ်ခန္ဓာ အလေးချိန်လျော့ကျစေကာ ကျန်းမာရေးအတွက် လွန်စွာအကျိုး ကျေးဇူးများသော အစားအစာ ဖြစ်ကြောင်း၊ ဝဥတွင်ပါဝင်သည့် ဓာတ်များကို အသုံးပြုပြီး သစ်သီးဝလံများ၊ ကြက်ဥ၊ အသားများနှင့် ဟင်းသီးဟင်းရွက်များကို ရက်ရှည်လတ်ဆတ်စွာ ဘေးကင်းကင်းဖြင့် ထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။

ထို့ပြင် ဆေးဝါးအဖြစ်လည်း အမျိုးသမီးများ ဗိုက်ရွှဲခြင်း၊ ဆီးအိမ်ကြီးခြင်း၊ ကိုယ်ရည်စစ်ရန်၊ အသားအရေကောင်းရန်၊ သက်ကြီးရွယ်အိုများအတွက် နှလုံးတုန်ရင်ခုန် ခြင်းများသာမက လိုအပ်သည်ထက် အစိုင်အခဲများ လျှော့ချရန်အတွက်ပါ အသုံးပြုနိုင်ကြောင်း၊ ဆီးချိုရောဂါ၊ သွေးအဆီပိတ်ရောဂါ၊ နှလုံးရောဂါနှင့် အဆုတ်ရောင် ကင်ဆာများအတွက် ဘေးကင်းစွာ အသုံးချနိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ ကောက်နုတ်ချက်များအရ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...