Social Icons

Pages

Thursday, December 7, 2017

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Geneva Centre for the Democratic Control of Armed Forces(DCAF) ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Geneva Centre for the Democratic Control of Armed Forces (DCAF)ညွှန်ကြားရေးမှူး Ambassador Mr. Thomas Guerber အားလက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၇-၁၂-၂၀၁၇

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် Geneva Centre for the Democratic Control of Armed Forces(DCAF) ညွှန်ကြားရေးမှူး Ambassador Mr. Thomas Guerber ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှတပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး Geneva Centre for the Democratic Control of Armed Forces(DCAF) ညွှန်ကြားရေးမှူးနှင့်အတူ DCAF ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ Dr. Albrecht Schnabel နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်တော် ညွှန်ကြားရေးမှူးက DCAF ၏ သမိုင်းကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများနှင့် လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ဦးစွာရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကာလအတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးပိုင်းဆိုင်ရာ ကဏ္ဍများ၌ ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ယင်းနောက် DCAF အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး DDR ၊ SSR လုပ်ငန်းစဉ် သင်တန်းများပို့ချသွားမည့် အခြေအနေများ၊လုံခြုံရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည့် အခြေအနေများ၊ အကြံဉာဏ်နှင့် နည်းပညာအချက်အလက်များ ပံ့ပိုးကူညီသွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ဂျီနီဗာမြို့အခြေစိုက် Geneva Centre for the Democratic Control of Armed Forces(DCAF) ညွှန်ကြားရေးမှူးအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...