Social Icons

Pages

Monday, June 19, 2017

တိုင်းစစ်ဌာနချုပ်အလိုက် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲများပြုလုပ်


အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပစဉ်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပစဉ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပစဉ်။

နေပြည်တော် ၁၉-၆-၂၀၁၇

မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေး တို့အတွက် တပ်မတော်အနေဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်မိုးရာသီတွင် ရတနာတန်းဝင်ပင် များ၊ နှစ်ရှည်သီးနှံပင်များနှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးခြင်း၊ စိုက်ပျိုးခဲ့သည့် အပင်များအား ရှင်သန်ဖြစ်ထွန်းစေရေးနှင့် ပြုန်းတီးမှု မရှိစေရေးအတွက် ပြုစုထိန်းသိမ်းခြင်းတို့ကို တိုင်းစစ်ဌာနချုပ်အလိုက် တပ်ရင်း/တပ်ဖွဲ့ အသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ်ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပွဲတော်အဖြစ် ယနေ့ နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ကျွန်းပင်၊ မဲဇလီပင်၊ ခါတော်မီပင်နှင့် ထင်းရှူးပင် စုစုပေါင်း ၁၀၀၀ ပင်ကို ခိုလမ်မြို့၊ မဟာဗောဓိနှီး စေတီတော်ဝန်းကျင်၌ လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်က မဲဇလီ၊ မန်ကျည်းနှင့် မန်ဂျန်ရှားပင် စုစုပေါင်း ၁၃၃၅ ပင်ကို မြိတ်မြို့ရှိ နယ်မြေခံတပ်၌ စိုက်ပျိုးခဲ့ပြီး တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များ၌ စိုက်ပျိုးပင်စုစုပေါင်း ၂၀၈၄၅ ပင်ကိုလည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ရတနာတန်းဝင်ပင်၊ နှစ်ရှည်ပင်နှင့် အရိပ်ရလေကာပင်စုစုပေါင်း ၂၂၈၃၈ ပင်ကို တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်များ၌ လည်းကောင်း အသီးသီးစိုက်ပျိုးကြရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ စုပေါင်းစိုက်ပျိုးခဲ့ ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...