Social Icons

Pages

Monday, October 16, 2017

ရေမီတာစနစ်ဖြင့် မြို့လုံးခြုံ၍ ရေဖြန့်ဝေပေးနိုင်ရန် လုပ်ငန်းများဆောင်ရွက်



လားရှိုး ၁၆-၁၀-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့ပေါ်ရပ်ကွက်များကို ရေမီတာစနစ်ဖြင့် မြို့လုံးခြုံ၍ ရေပေးဝေနိုင်ရန် ရေပိုက်လိုင်းများ သွယ်တန်းခြင်း၊ ရေမီတာများ တပ်ဆင်ခြင်းနှင့် ရေငုတ်ဘားများ ပြုပြင်တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းလားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန အင်ဂျင်နီယာ ရေပေးဝေရေး တာဝန်ခံ ဦးချမ်းသာအောင်ထံမှ သိရသည်။

လားရှိုးမြို့သည် တောင်ကုန်းတောင်ချိုင့်ဝှမ်းများတွင် မြို့တည်ဆောက်ထားပြီး ရပ်ကွက် ၁၂ ခုရှိသည့်အနက် ရပ်ကွက်(၉) တစ်ခုတည်းသာ စည်ပင်မှဖြန့်ဝေ ပေးသောရေကို သုံးစွဲခြင်းမရှိဘဲ ကျန်ရပ်ကွက် ၁၁ခုသည် စည်ပင်
သာယာရေးဦးစီးဌာနမှ ဖြန့်ဝေပေးသောရေများကို နွေမိုးဆောင်း သုံးစွဲလျက်ရှိရာရပ်ကွက် တည်နေရာအလိုက် ကုန်းအနိမ့်အမြင့်များ ရှိသဖြင့် အဆိုပါရေအသုံးပြုသော ရပ်ကွက်များရှိ ပြည်သူများ ရေမျှတစွာ အသုံးပြုနိုင်ရေး အတွက်ရေဖြန့်ပေးဝေနိုင်ရန် ရေထွက်ငါးခုရှိကြောင်း သိရသည်။

အဆိုပါ ရေထွက်များမှာ ကုန်းမွန်စိမ့်စိမ်းရေနှင့် နမ့်ကျန်ဆည်မှ ရေသွယ်တန်းယူကာ ရေကန်တောင်မှတစ်ဆင့် ရပ်ကွက် (၁၊၂၊၃၊၄၊၅၊၆၊၇) တို့ကိုလည်းကောင်း၊ နမ့်ခိုက်ရေပေးရေးမှ ရပ်ကွက် (၁) နယ်မြေ(၇၊၈)တို့ကို လည်းကောင်း၊ အဝေရာဆည်ရေပေးရေးမှ ရပ်ကွက် (၈၊၁ဝ ၊၁၂) နှင့် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများကို လည်းကောင်း၊ မြို့ဝမ်ရေပေးရေးမှ ရပ်ကွက် (၁၊၁ဝ၊၁၁) တို့ကိုလည်းကောင်း၊ ကောက်ကွေ့ဆည်ရေပေး
ရေးမှ ရပ်ကွက် (၁၊၇၊၈၊၁ဝ၊၁၁) ရပ်ကွက်တို့ကို လည်းကောင်း စုစုပေါင်းရေတိုင် ၇ဝ၄ခု ထားရှိ၍ရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း ရေပေးဝေရေးတာဝန်ခံ ဦးချမ်းသာအောင်က ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...