Social Icons

Pages

Monday, October 16, 2017

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား နှစ်ဦးသေဆုံး၊ ကိုးဦးဒဏ်ရာရ



ဘီးလင်း ၁၆-၁၀-၂၀၁၇

မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ဘီးလင်းဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အေးသန်း ဘားအံမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၊ 4M/----- YUTONG BUS အမျိုးအစား ရန်ကုန်ဘားအံ-လှိုင်းဘွဲ့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်သည် ရန်ကုန်မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၁၇/၅)  အရောက်တွင် ရှေ့မှသွားနေသော ယာဉ်မောင်း မင်းထွန်းထွန်းဦး ကရင်ပြည်နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၊ 9N/----- Nissan Clipper Pick up ယာဉ်ကို ကျော်တက်စဉ် မလွတ်ဘဲ ခရီးသည်တင်ယာဉ် နောက်ပိုင်းနှင့် Nissan ယာဉ်ဝဲဘက်ခေါင်းခြမ်းကို ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့အတိုက်ခံရမှုကြောင့် Nissan ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ဝဲဘက်ယာဉ်ကြောမှ နေလင်း မောင်းနှင်ပြီး နောက်တွင် ဇင်ကိုလင်း လိုက်ပါလာသော ဆိုင်ကယ်နှင့် ဦးသန်းဦး မောင်းနှင် ပြီးနောက်တွင် ဦးနန်းဝင်း လိုက်ပါလာသော ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် နေလင်း ကျိုက်ထိုမြို့နေသူနှင့် Nissan ယာဉ်ပေါ်ပါ ဦးသောင်းရွှေ ဘားအံမြို့နေသူတို့ သေဆုံးခဲ့ပြီး ဆိုင်ကယ်ဖြင့် ဦးနန်းဝင်း၊ ဇင်ကိုလင်း၊ ဦးသန်းဦးနှင့် Nissan ယာဉ်ပေါ်လိုက်ပါလာကြသော ဦးစိုးဝေ၊ဦးကျော်ညွန့်၊ ဦးမင်းအောင်၊ ဦးလှစိန်၊ ဦးထွန်းအောင်၊ ဦးဘိုင်းတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဘီးလင်းဆေးရုံသို့ တင်ပို့ကုသလျက် ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းများဖြစ်ကြသည့် မင်းထွန်းထွန်းဦးနှင့် အေးသန်းတို့ကို ဘီးလင်းမြို့မရဲစခန်းက ယာဉ်(ပ) ၅၄/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃ဝ၄ (က)/  ၃၃၈/၃၃၇ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်းသတင်း ရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...