Social Icons

Pages

Thursday, September 21, 2017

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုရီးယားသမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Lee Nak- Yeon က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲနှင့် ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်


ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုရီးယားသမ္မတနိုင်ငံဝန်ကြီးချုပ် Mr.Lee Nak- Yeon တည်ခင်းဧည့်ခံသည့်နေ့လယ်စာစားပွဲသို့ တက်ရောက်စဉ်။

နေပြည်တော် ၂၁-၉-၂၀၁၇

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် တည်းခိုရာ Grand Hyatt Hotel ၊ Nansam Hall ၌ ကျင်းပပြုလုပ်သော ကိုရီးယားသမ္မတ နိုင်ငံဝန်ကြီးချုပ် Mr. Lee Nak- Yeon က အာရှ-ပစိဖိတ်ကြည်းတပ် ဦးစီးချုပ်များအား တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲ သို့ တက်ရောက်ခဲ့သည်။

နေ့လယ်စာသုံးဆောင်စဉ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကိုရီးယားသမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Lee Nak- Yeon နှင့် ကာကွယ်ရေးဝန်ကြီး Mr. Song Young-moo တို့အား မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရအား ကူညီဆောင်ရွက်နေမှုများ၊ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ရခိုင်ပြည်နယ်တွင် လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ဖြစ်ရပ်မှန်များအား ရင်းရင်းနှီးနှီး ဆွေးနွေးတင်ပြခဲ့သည်။

ကိုရီးယားသမ္မတနိုင်ငံ ၀န်ကြီးချုပ် Mr. Lee Nak- Yeon က ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့သည် သမိုင်းကြောင်း၊ ယဉ်ကျေးမှုတူညီကြပါကြောင်း၊ လက်ရှိမြန်မာနိုင်ငံ ရင်ဆိုင်နေရသော စိန်ခေါ်မှုနှင့် အခက်အခဲများကိုလည်း နားလည်ပါကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝသယံဇာတ၊ လူသားအရင်းအမြစ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်သော အလားအလာ များစွာရှိသော နိုင်ငံဖြစ်ပါကြောင်း၊ ယနေ့ရင်ဆိုင်နေရသော အခက် အခဲများကို ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင် ယခုကဲ့သို့ပင် တပ်မတော်က ဆက်လက်ကူညီ ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ကိုရီးယားသမ္မတနိုင်ငံကဲ့သို့သော မိတ်ဆွေရင်းနိုင်ငံများ၊ မိမိနိုင်ငံအပေါ်အကောင်းမြင်သည့် နိုင်ငံများကြောင့် ၀မ်းမြောက်မိပါကြောင်း၊ ယနေ့အချိန်တွင် အချို့သော နိုင်ငံများနှင့် အဖွဲ့အစည်းများသည် အားပေးကူညီမှု မပြုသည့်အပြင် ၀ိုင်းဝန်းပြစ်တင်ဝေဖန်ခြင်းသာ ပြုကြပါကြောင်း၊ မိမိတို့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့်လည်း တပ်မတော်ကြောင့် ဒီမိုကရေစီနောက်ကြောင်းပြန်မှု မဖြစ်ပေါ်စေရေး နိုင်ငံတကာမှ သံတမန်များနှင့် ကိုယ်စားလှယ်အဖွဲ့များအား အကြိမ်ကြိမ်ဆွေးနွေး ပြောကြားထားရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

အဆိုပါနေ့လယ်စာစားပွဲသို့ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံပေါင်း ၃၀ မှ ကြည်းတပ်ဦးစီးချုပ်များနှင့် ကိုရီးယားသမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Lee Nak- Yeon တို့သည် နေ့လယ်စာ သုံးဆောင်ရင်း ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ညနေ ၇ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သူရဦးသက်ဦးမောင် က ဆိုးလ်မြို့ Korean House ၌ တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...