Social Icons

Pages

Monday, September 18, 2017

နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၂/၂ဝ၁၇) အစည်းအဝေးကျင်းပ



ရန်ကုန် ၁၈-၉-၂၀၁၇

နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၂/၂ဝ၁၇) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌဆရာတော် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌအဘိဓဇ မဟာရဋ္ဌဂုရုအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသြဘာသာဘိဝံသက အဖွင့်သြဝါဒကထာ မြွက်ကြားတော်မူသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် အခမ်းအနားမှူးက ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်တွင်ကျင်းပခဲ့သော တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့၏ (၁/၂ဝ၁၇) အစည်းအဝေးမှတ်တမ်းကို တင်ပြအတည်ပြုချက် ရယူသည်။ ဆက်လက်၍
တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့အတွင်းရေးမှူး သာသနာတော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့၏ (၁/၂ဝ၁၇) အစည်းအဝေးဆုံးဖြတ် ချက်များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကို တင်ပြပြီး ဗဟိုပညာရေးအဖွဲ့ (၂/၂ဝ၁၇) အစည်းအဝေး၏ တင်ပြချက်များအပေါ် ဝေဖန်ဆွေးနွေး ဆုံးဖြတ်ခြင်း၊ တက္ကသိုလ်စီမံခန့်ခွဲရေး အဖွဲ့ (ရန်ကုန်၊မန္တလေး) တို့က တင်ပြချက်များအပေါ်ဆွေးနွေး ဆုံးဖြတ်ခြင်း၊ (၂၃) ကြိမ်မြောက်သာသနာ့ တက္ကသီလမဟာဘွဲ့နှင်း သဘင်အခမ်းအနား၌ ဘွဲ့ခံယူမည့် ရဟန်းတော်များ စာရင်းအတည်ပြုရေး ကိစ္စတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဆရာတော် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်သြဝါဒကထာ မြွက်ကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဆရာတော် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသြဘာသာ ဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...