Social Icons

Pages

Monday, September 18, 2017

မိုးပျံပူဖောင်းဖြင့် လုံခြုံရေးအခြေအနေ စောင့်ကြည့်သော စနစ်စာနယ်ဇင်းများ အားမိတ်ဆက်



ရန်ကုန် ၁၈-၉-၂၀၁၇

ရန်ကုန်မြို့ရှိ Myanmar Convention Center(MCC) ၌ ကျင်းပသည့် (၁၄) ကြိမ်မြောက်ကမ္ဘာ့ တရုတ်ကုန်သည်များ ညီလာခံတွင် လုံခြုံရေးကဏ္ဍအတွက် မိုးပျံပူဖောင်းဖြင့် စောင့်ကြည့်သောစနစ်ကို ပထမဦးဆုံးအကြိမ် အဖြစ်ပြုလုပ်ခဲ့သည့် Myanmar Secom ကုမ္ပဏီက စာနယ်ဇင်းများအား မိတ်ဆက်ပွဲကို ယနေ့ညနေ ၃ နာရီတွင် MCC ၌ ကျင်းပသည်။

အဆိုပါမိုးပျံပူဖောင်းဖြင့် လုံခြုံရေးအခြေအနေ စောင့်ကြည့်သောစနစ်ကို နိုင်ငံတကာက ထင်ရှားသောပွဲကြီးများ တွင်သာအသုံးပြုပြီး မြန်မာနိုင်ငံ၌ ကမ္ဘာ့တရုတ်ကုန်သည်များ ညီလာခံတွင် ပထမဦးဆုံးကျင့်သုံးခြင်း ဖြစ်ကြောင်း၊ယင်းစနစ်ကိုကျင့်သုံး ခြင်းကြောင့် ကုန်ကျစရိတ်အနေဖြင့် အမေရိကန်ဒေါ်လာ တစ်သိန်းခုနစ် သောင်းနီးပါးကုန်ကျခဲ့ကြောင်း သိရသည်။

''မိုးပျံပူဖောင်းနဲ့ လုံခြုံရေးစောင့်ကြည့်တဲ့ စနစ်ဆိုတာက မိုးပေါ်လွှတ်တင် နိုင်တဲ့ပူဖောင်း ကြီးတွေကနေ လျင်မြန်တဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်တဲ့ CCTV ကင်မရာကြီးတစ်ခုကို တပ်ထားပြီး လုံခြုံရေးကဏ္ဍအတွက် စောင့်ကြည့်တာပါ။ ဒီစနစ်ကိုအသုံးပြု တဲ့နေရာမှာ ပူဖောင်းက နေပေးပို့တဲ့ အခြေအနေတွေကို စောင့်ကြည့်ခန်းထဲမှာ လုံခြုံရေးကဏ္ဍကို တာဝန်ယူတဲ့ တာဝန်ရှိသူတွေက စောင့်ကြည့်ပြီး ထူးခြားချက်ရှိရင် မြေပြင်မှာရှိတဲ့ လုံခြုံရေး ဝန်ထမ်းတွေကို ကြည့်ရှုစောင့်ကြည့် စေတဲ့စနစ်ပါ။ ဒီစနစ်ရဲ့အားသာချက်ကတော့ အမိုးအကာအကွယ်အောက်မှာ ရှိတဲ့အရာတွေနဲ့ လျင်မြန်စွာဖြတ်သန်းသွားလာ နေတဲ့အရာတွေကို ကောင်းမွန်စွာ စောင့်ကြည့်နိုင်ပါတယ်''ဟု SECOM ကုမ္ပဏီ၏ Executive Offi cer SADAHIRO SATO ကပြောသည်။

မိုးပျံပူဖောင်းကို ဂျပန်နိုင်ငံက တီထွင်ခဲ့ခြင်းဖြစ်ပြီး အမြင့်ပေ မီတာ ၁ဝဝ ကျော်ထိ မြှင့်တင်၍ ၁ ကီလိုမီတာအကွာအဝေးအတွင်း လုံခြုံရေးအခြေအနေကို စောင့်ကြည့်နိုင်ကာ နေ့ဘက်တွင်သာမက ညဘက်တွင်ပါ ရှင်းလင်း ကောင်းမွန်စွာ ကြည့်ရှုနိုင်ကြောင်း၊ Myanmar Secom ကုမ္ပဏီကို မြန်မာနိုင်ငံမှ ကျော့ရှင်းမြန်မာကုမ္ပဏီ၊ ဂျပန်နိုင်ငံရှိ SECOM ကုမ္ပဏီနှင့် KEIAI ကုမ္ပဏီတို့ကပူးပေါင်းပြီး ထူထောင်ထားခြင်း ဖြစ်သည်။ ပြည်တွင်း၌ပြုလုပ် သောပွဲများတွင် လုံခြုံရေးကဏ္ဍအတွက် မိုးပျံပူဖောင်းဖြင့် လုံခြုံရေးအခြေအနေ စောင့်ကြည့်သောစနစ်ကို အသုံးပြုရန်အတွက် ကမ်းလှမ်းမှုများရှိလာပါက Myanmar Secom ကုမ္ပဏီအနေဖြင့်လက်ခံသွားမည် ဖြစ်ကြောင်းနှင့် ကုန်ကျစရိတ်မှာ အကျယ်အဝန်းပေါ် မူတည်မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...