Social Icons

Pages

Wednesday, July 5, 2017

ဇင်းကျိုက်ရေတံခွန်၌ လာရောက် အပန်းဖြေသူများ၏ လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်မည်



ပေါင် ၅-၇-၂၀၁၇

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်ရေတံခွန်၌ လာရောက် အပန်းဖြေသူများ၏ လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်မည်ဖြစ်ကြောင်း ဇင်းကျိုက်ရေတံခွန်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်ထံမှ သိရသည်။

''ရေတံခွန်ကိုလာတဲ့သူ တွေထဲက အရေးပေါ်အခြေအနေ တစ်ခုဖြစ်လာရင် အချိန်မီသိရှိ ကယ်ဆယ်နိုင်ဖို့ CCTV  ကင်မရာ တပ်ဆင်မှာပါ။ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေ၊ လူအများစုရှိတဲ့ နေရာတွေနဲ့ ဝင်လမ်း၊ထွက်လမ်းတွေမှာ CCTV ကင်မရာတွေ တပ်ဆင်မှာပါ''ဟု ဦးမြင့်အောင်က ပြောသည်။

ဇင်းကျိုက်ရေတံခွန် တစ်ဝိုက်၌ CCTV  ကင်မရာရှစ်လုံး တပ်ဆင်မည်ဖြစ်ကာ CCTV  ကင်မရာတပ်ဆင်မှုအတွက် ငွေကျပ်သိန်း ၃ဝ ခန့် အသုံးပြုဆောင်ရွက်မည် ဖြစ်ပြီး CCTV  ကင်မရာတပ်ဆင်မှု လုပ်ငန်း များကိုဝါဆိုလပြည့် နေ့အမီ အပြီးတပ်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

'' CCTV ကင်မရာတပ်တာက ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဝါဆိုလပြည့်တို့၊ လပြည့်ကျော်တစ်ရက်တို့မှာ လာရောက်လည်ပတ်တဲ့ သူတွေအရမ်းများတယ်။ မူးယစ်သောက်စားပြီး တားမြစ်ထားတဲ့နေရာတွေ ကိုသွားတယ်။ 

ပြုတ်ကျပြီးသေတယ်။ ရေနစ်သေတယ်။ ဒါတွေက နှစ်တိုင်းနီးပါး လောက်ဖြစ်နေတယ်။ နောက်ပြီး လုံခြုံရေးအင်အားကနည်းတော့ နေရာတိုင်းကို စောင့်မကြည့်နိုင်ဘူး'' ဟု ဇင်းကျိုက်မြို့ ဒေသခံတစ်ဦးက ပြောသည်။

မိုးရာသီကျရောက်ပါက ဇင်းကျိုက်ရေတံခွန်သို့ လာရောက်အပန်းဖြေ သူများပြားလျက်ရှိကာ နှစ်စဉ် လူပေါင်း သိန်းကျော်လာရောက် လေ့ရှိကြောင်း သိရသည်။

ဇင်းကျိုက်ရေတံခွန်၌ အရေးပေါ်အခြေအနေ တစ်ခုဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရန်၊ မူးယစ်ရမ်းကားသူများနှင့် ခါးပိုက်နှိုက်များကို ထိန်းသိမ်းနိုင်ရန်နှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေ နိုင်ရန်ရည်ရွယ်၍ CCTV  ကင်မရာများ တပ်ဆင်ရခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...