Social Icons

Pages

Tuesday, July 4, 2017

ယခုနှစ်တွင် မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်ရှိ မိုးစပါးစိုက်ဧက ၃၃၅ ဧကကို ရေအပြည့်အဝ ရရှိရေးဆောင်ရွက်ပေးမည်



မန္တလေး ၄-၇-၂၀၁၇

ယခုနှစ်တွင် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ရေလှောင်တမံများနှင့် ရေလွှဲဆည်များမှ ရေသောက်ဧရိယာ အတွင်းရှိသည့် ခရိုင်နှစ်ခုတို့တွင် မိုးစပါးလျာထားစိုက် ဧက ၈၃၃၅၈ ဧကကို ရေအပြည့်အဝရရှိရေး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ ရေလှောင်တမံများ နှင့်ရေလွှဲဆည်များမှ မန္တလေးခရိုင်နှင့်ပြင်ဦးလွင် ခရိုင်တို့ရှိ ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသော မြို့နယ်များနှင့် ရေလှောင်တမံနှင့် ရေလွှဲဆည်များမှပေးသော မိုးစပါးဧကများမှာ ဆည်တော်ကြီး ရေလှောင်တမံမှ မတ္တရာမြို့နယ်တွင် မိုးစပါး ၄၁၉၅၂ ဧက၊ ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါး ၂၂၉၆၈ ဧက၊ အမရပူရမြို့နယ်တွင် မိုးစပါး ၁ဝ၉၁၄ ဧကတို့ကို ရေပေးဝေသွားမည် ဖြစ်ကြောင်း၊ မာလဲနတ်တောင် ရေလှောင်တမံမှ စဥ့်ကူးမြို့နယ်တွင် မိုးစပါး ၅၇၅၅ ဧက၊ ဆည်တော်လေး ရေလွှဲဆည်မှ ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါး ၄၉၃ ဧက၊ အမရပူရမြို့နယ်တွင် မိုးစပါးဧက ၉ဝဝ နှင့် ကျောက်ဆည်လေး ရေလွှဲဆည်မှ မတ္တရာမြို့နယ်တွင် မိုးစပါး ၃၇၆ ဧက တို့ကို ပေးဝေသွားမည်ကြောင်း သိရသည်။

အဆိုပါခရိုင်နှစ်ခုမှ ရေလှောင်တမံနှင့် ရေလွှဲဆည်များမှ ရေပြည့်ဝစွာပေးသွားမည့် မြို့နယ်အလိုက် မိုးစပါးလျာထား စိုက်ဧကစုစုပေါင်းမှာ ၈၃၃၅၈ ဧက ဖြစ်ပြီးရေအပြည့်အဝ ရရှိရေးနှင့် စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

အဆိုပါ မိုးစပါးစိုက်ပျိုးရန် လျာထားသော စိုက်ဧကများအတွက် ဆည်တော်ကြီး ရေလှောင်ကန်မှ ရေအပြည့်အဝ ပေးနိုင်ရေးဆောင်ရွက်ရာတွင် ဆည်တော်ကြီးရေအမှတ် ၄ဝ၈ ဒသမ ၉ဝ ပေနှင့် ရေသိုလှောင်သည့် ဧကပေမှာ ၂၈၈၉၅ဝ ကိုသိုလှောင်၍ ၎င်းစိုက်ဧကများရှိ တောင်သူများအတွက် ရေအပြည့်အဝ ရရှိရေးနှင့် စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...