Social Icons

Pages

Tuesday, July 4, 2017

ချင်းတွင်းမြစ်ရေ ဟုမ္မလင်းမြို့၌ စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေပြီး မော်လိုက်မြို့တွင်လည်း ဆက်လက်ကျော်လွန်ရောက်ရှိနိုင်



မန္တလေး ၄-၇-၂၀၁၇

ချင်းတွင်းမြစ်ရေသည် ယနေ့တွင် ဟုမ္မလင်းမြို့၌ စိုးရိမ်ရေမှတ် အထက်ကျော်လွန်နေပြီး မော်လိုက်မြို့တွင်လည်း ဆက်လက်၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန် ရောက်ရှိနိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယနေ့ နံနက် ၉နာရီ မိနစ် ၃ဝ က တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ၎င်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ တစ်လက်မခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ခြောက်လက်မခန့် ဆက်လက်မြင့်တက်လာနိုင်ကာ ၎င်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲ ၁နာရီမိနစ် ၃ဝက တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ၎င်းမြို့၏ စိုးရိမ်ရေမှတ်အောက် သုံးပေခန့်တွင် ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း ၎င်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

မြစ်ရေမြင့်တက်လာနိုင်သည့် အတွက် အဆိုပါမြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားသည်။ ဇူလိုင်လအတွင်း ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် တစ်ကြိမ်ခန့်စီ ၎င်းမြို့များ၏ စိုးရိမ် ရေမှတ်အသီးသီး အထက်သို့ ရောက်ရှိနိုင်ပြီး ဇူလိုင် ၁ရက်မှ ၁ဝရက်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့တို့တွင် ရှစ်ပေမှ၁ဝပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ခြောက်ပေမှ ရှစ်ပေခန့် ထိမြင့်တက်လာ နိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...