Social Icons

Pages

Tuesday, July 11, 2017

ထိုင်းနိုင်ငံမှရွှေ့ပြောင်း မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် တပ်မတော်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆက်လက်ပူးပေါင်းကူညီလျက်ရှိ


ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာအလုပ် သမားများ နေရပ်များသို့ စနစ်တကျရောက်ရှိရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးစဉ်။


တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၁-၇-၂၀၁၇

ဇွန် ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံမှရွှေ့ပြောင်းမြန်မာ အလုပ်သမားများပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့အထိ မြ၀တီနယ်စပ်ဂိတ်မှ ၃၀၀၀၀ ဦး၊ ဘုရားသုံးဆူနယ်စပ်ဂိတ်မှ ၄၂၀၄ ဦး၊ စုစုပေါင်း ၃၄၂၀၄ ဦး ၀င်ရောက်ခဲ့သည့် အနက် ၃၀၇၈၄ ဦးမှာ ၎င်းတို့၏ အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ထွက်ခွာသွားခဲ့ သဖြင့် ၃၄၂၀ ဦး အားနယ်မြေခံ တပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာ နေရပ်များသို့ စနစ်တကျရောက်ရှိရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက် ပေးလျက်ရှိရာ ဇူလိုင် ၉ ရက်ညနေ ၃ နာရီမှယနေ့ညနေ ၃ နာရီအထိ မြ၀တီနှင့်ဘုရားသုံးဆူ နယ်စပ်ဂိတ်အသီးသီးမှ ၀င်ရောက်လာသူ ၄၆၂ ဦးရှိသည့်အနက် ၂၉၉ ဦးမှာ ၎င်းတို့အစီအစဉ်ဖြင့် နေရပ်ပြန် သွားခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် ၁၆၃ ဦးတို့အား တပ်မတော်မှ မော်တော်ယာဉ်လေးစီး၊ မြ၀တီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘုရားသုံးဆူ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များမှ စီစဉ်ပေးသည့် မော်တော်ယာဉ် ခြောက်စီး၊ စုစုပေါင်း ၁၀ စီးဖြင့် အခမဲ့ပို့ဆောင် ပေးခဲ့ကာ စားသောက်ဖွယ်ရာများ စီစဉ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် ပေးသည်။

အလားတူ ရွှေ့ပြောင်းအလုပ်သမား များထပ်မံ ၀င်ရောက်လာပါက မော်တော်ယာဉ်၊ စားသောက်ဖွယ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အသင့်ရှိစေရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းစီစဉ်ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...