Social Icons

Pages

Tuesday, July 11, 2017

ယခုဘဏ္ဍာနှစ်အတွင်း မြစ်ဝကျွန်းပေါ် ရေကြောင်းပို့ဆောင်ရေးဌာနခွဲ ရေကြောင်းပြေးဆွဲမှုမှ ငွေကျပ် သန်း ၁၈ဝဝ ကျော်ခန့် ရရှိရန်လျာထား



ပုသိမ် ၁၁-၇-၂၀၁၇

ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများအနက် မြစ်ဝကျွန်းပေါ် ရေကြောင်းပို့ဆောင်မှုများမှ ယခုဘဏ္ဍာ နှစ်အတွင်း ငွေကျပ် သန်းပေါင်း ၁၈ဝဝ ကျော်ခန့်ရရှိရန် လျာထားကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဌာန (မြစ်ဝကျွန်းပေါ်ဌာနခွဲ) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနသည် ရေကြောင်းခရီးစဉ် ပြေးဆွဲမှုအဖြစ် မြစ်ဝကျွန်းပေါ် ဌာနခွဲတွင် ရန်ကုန်မှ ဧရာဝတီတိုင်းဒေသကြီးသို့ တစ်ပတ်လျှင် ခရီးစဉ်လေးခု ပြေးဆွဲပေးလျက် ရှိကြောင်း၊ပြီးခဲ့သည့်ဘဏ္ဍာ နှစ်အတွင်း ရေကြောင်းပြေးဆွဲမှုမှ ငွေကျပ် ၁၉ဝ၉ သန်းရရှိခဲ့သော်လည်း ၂ဝ၁ဝ ပြည့်နှစ်အလွန်တွင် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများ တဖြည်းဖြည်း ကျဆင်းလာပြီး ခရီးသည်စီးနင်းမှု နှင့်ကုန်စည် တင်ဆောင် မှုအပေါ်မူတည်ကာ ပြေးဆွဲပေးနေရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ အခြေအနေမျိုးကြောင့် ဝင်ငွေရရှိမှုမှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာသဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကဏ္ဍ တိုးတက်ရေး ပြန်လည်လုပ်ဆောင် သင့်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနသည် ယခုဘဏ္ဍာနှစ် ငွေခွဲဝေချထား ပေးရာတွင် လေးနှစ်ကြာ ချထားပေးခြင်း မရှိသည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန၏ အသုံးစရိတ်ဘတ်ဂျက်ငွေမှာ ပြန်လည်ပါဝင် လာကြောင်း၊ ယခင်က ဘတ်ဂျက်ချထားပေးခြင်း မရှိသောကြောင့် ဌာနမှ ရရှိသောငွေများဖြင့်သာ ရပ်တည်နေရပြီး ရေယာဉ်ပြေးဆွဲမှုကို ရက်လျှော့ချခဲ့ရကာ တချို့ခရီးစဉ်များကိုလည်း ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဘတ်ဂျက်ငွေပြန်လည်ချ ထားပေးခြင်းကြောင့် ဌာနအနေဖြင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေရရှိအောင်လုပ် ဆောင်ပေးရာတွင် အခက်အခဲရှိမည် မဟုတ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...