Social Icons

Pages

Friday, June 9, 2017

ကျန်ရစ်သူမိသားစုများအတွက် အလှူငွေများပေးအပ်လှူဒါန်း


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းထံ ထူးထရေးဒင်းကုမ္ပဏီ၊ မဒွယ်ရဟတ်ယာဉ် Accident မိသားစု၊ Air Myanmar Aviation Services ရဟတ်ယာဉ်ကုမ္ပဏီများမှ ကျပ်သိန်း ၃ဝဝ ပေးအပ်လှူဒါန်းစဉ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းထံ ရောင်နီဦးနှင့် မိတ်ဆွေများပရဟိတအဖွဲ့မှ ကျပ်၂ဝဝ ပေးအပ်လှူဒါန်းစဉ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်သက်ပုံထံ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေး
ရှင်းမှ ကျပ်သိန်း ၅ဝဝပေးအပ်လှူဒါန်းစဉ်။

နေပြည်တော် ၉-၆-၂၀၁၇

ယမန်နေ့ဇွန်လ ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်တွင် ပါရှိသွားသည့် လေယာဉ်အမှုထမ်း၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ စုစုပေါင်း ၁၂၂ ဦးတို့၏ ကျန်ရစ်သူ မိသားစုများအတွက်စေတနာ ရှင်အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းလျက်ရှိရာ ယနေ့ဇွန်လ ၈ ရက်နေ့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ကျပ် ၃၆၆ သိန်း၊ ထူးထရေးဒင်းကုမ္ပဏီ၊မဒွယ်ရ ဟတ်ယာဉ် Accident မိသားစု၊ Air Myanmar Aviation Services ရဟတ်ယာဉ် ကုမ္ပဏီများမှ ကျပ်သိန်း ၃၀၀၊ ရောင်နီဦးနှင့်မိတ်ဆွေများ ပရဟိတအဖွဲ့မှ ကျပ်သိန်း ၂၀၀ ၊ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ကြသည်။

ယနေ့စုစုပေါင်း လှူဒါန်းငွေမှာ ကျပ်သိန်းပေါင်း ၁၃၆၆သိန်းဖြစ်ပြီး တာဝန်ရှိသူများက အသီးသီးလက်ခံရယူ၍ ကျေးဇူးတင်စကားပြန် လည်ပြောကြား ခဲ့ကြသည်။ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီးခင်အောင်မြင့် ဦးဆောင်သည့် တပ်မတော်အရာရှိကြီးများက တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများမှ လှူဒါန်းသည့် ထောက်ပံ့ငွေများအား ကျန်ရစ်သူ မိသားစုများထံ သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။ 

ယခုထပ်မံလှူဒါန်းသည့် အလှူငွေများအားလည်း သက်ဆိုင်ရာ ကျန်ရစ်သူမိသားစုများ လက်ဝယ်သို့ ဆက်လက်ပို့ဆောင် လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...