Social Icons

Pages

Friday, June 9, 2017

ရာသီဥတုဆိုးရွားမှုကြောင့်ရေ၀င်မှုဖြစ်ပေါ်လျက်ရှိသည့် ရွှေသုန္ဒရီ-၃ အမည်ရှိကုန်တင်ရေယာဉ်အား ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်


ရေဝင်မှုဖြစ်ပေါ်ခဲ့သည့် ရွှေသုန္ဒရီ-၃ ကုန်တင်ရေယာဉ်ကို တနင်္သာရီရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်မတော်(ရေ)မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

ရွှေသုန္ဒရီ-၃ ကုန်တင်ရေယာဉ်ပေါ်မှရေများကို တနင်္သာရီရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်
မတော်(ရေ )မှ တပ်မတော်သားများက ရေစုပ်စက်ဖြင့်စုပ်ထုတ်ပေးစဉ်။

နေပြည်တော် ၉-၆-၂၀၁၇

ရန်ကုန်မြို့၊ ဗားကရာဆိပ်ကမ်းမှ ကော့သောင်းမြို့သို့ ဇွန် ၂ ရက်တွင် စတင်ထွက်ခွာသွားသည့် ရွှေသုန္ဒရီ-၃ အမည်ရှိ လှေသား ၁၈ ဦးပါဝင်သော ကုန်တင်ရေယာဉ်သည် ဇွန် ၆ ရက် ည ၆ နာရီခွဲခန့်တွင် ဘုတ်ပြင်း မြို့၏အနောက်မြောက်ဘက် ရေမိုင် ၃၉ မိုင်သို့အရောက်၌ ရာသီဥတုဆိုးရွားပြီး ရေ၀င်မှုဖြစ်ပွားခဲ့သည်။

အဆိုပါနေရာသို့ တနင်္သာရီရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်မတော်(ရေ)မှ တပ်မတော်သား များက စစ်ရေယာဉ်တစ်စင်းဖြင့် ဇွန် ၆ ရက် ည ၁၀ နာရီခန့်တွင် စတင်ထွက်ခွာ၍ ဇွန် ၇ ရက် နံနက် ၂ နာရီခွဲတွင်ရောက်ရှိပြီး ရေစုပ်စက်ဖြင့် ရေများစုပ်ထုတ်ခြင်းနှင့်လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ကုန်တင်ရေယာဉ်မှာနံနက် ၃ နာရီ ၃၅ မိနစ်ခန့်တွင် အန္တရာယ်ကင်းစွာဖြင့် ဆက်လက် ထွက်ခွာသွားကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...