Social Icons

Pages

Thursday, June 15, 2017

မန်းချောင်းရေကြီးမြင့်လာမှုကြောင့် မန်းရွှေစက်တော်ဘုရားအောက် ခြေတော်ရာရင်ပြင်ပေါ် ရေနှစ်ပေခွဲခန့်ထိ မြင့်တက်



မင်းဘူး ၁၅-၆-၂၀၁၇

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်အတွင်း မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် မန်းချောင်းရေကြီးမြင့်ကာ မန်းရွှေစက်တော်ဘုရား အောက်ခြေတော်ရာ ရင်ပြင်ပေါ် ရေနှစ်ပေခွဲခန့်ထိ မြင့်တက် ခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့မှ သိရသည်။

''ဇွန် ၁၂ရက်နဲ့ ၁၃ရက်မှာ မုန်တိုင်းမိုး အရှိန်ကြောင့် အောက်ခြေတော်ရာ ရင်ပြင်တော်ပေါ် ရေနှစ်ပေခွဲလောက် တက်ခဲ့ပါတယ်။ ဒါကလဲ နှစ်စဉ် မိုးတွင်းကာလဆို မန်းချောင်းရေလျှံပြီး ဖြစ်နေကျပါ။ ဒီနေ့မှာ ရေနည်းနည်း ပြန်ကျခဲ့ပါတယ်။ ချောင်းရေပြန်ကျသွားရင် ရင်ပြင်တော်သန့်ရှင်းရေး လုပ်ဖို့ကိုလဲ ကြိုတင်စီစဉ်ထားပါတယ်''ဟု မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင်ဦးဝင်းချိုက ပြောပြသည်။

မန်းချောင်းရေ တိုးမြင့်လာမှုသည် မန်းရွှေစက်တော် ဘုရားသို့ စီးဝင်သည့် ပန်းထိမ်းချောင်း၊ ငဖဲချောင်းနှင့် ပဇီချောင်းတို့မှ ဝင်ရောက်စီးဆင်းသော ချောင်းရေများ ကြောင့်ဖြစ်ကြောင်း၊ မန်းရွှေစက်တော် သုံးမိုင်လမ်းအဝင် လှေတင်တံတား တည်ဆောက်ရေး အဖွဲ့သို့လည်း ဇွန်၁၂ရက်ကတည်းက ကြိုတင်သတင်းပေးထား၍ စက်ယန္တရား၊ လူ၊ ပစ္စည်းများ ဆုံးရှုံးမှုမရှိကြောင်း ၎င်းကဆက်လက် ပြောပြသည်။

ငဖဲမြို့နယ်အတွင်း ဇွန် ၁၂နှင့်၁၃ရက် တို့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မန်းချောင်းရေကြီးမှုဖြစ်ပေါ်ကာ မန်းချောင်းရေလှောင်တမံမှ ရေလျှံကျခြင်းများ ဖြစ်ပေါ်မည်ကို ဒေသခံပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...