Social Icons

Pages

Wednesday, June 14, 2017

မြန်မာ၊ထိုင်း၊ ဥဇဘက်ကစ္စတန်နှင့် ကမ္ဘောဒီးယားလေးနိုင်ငံ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပမည်



ရန်ကုန် ၁၄-၆-၂၀၁၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ကကြီးမှူး၍ H&S Group နှင့် Modern Myanmar တို့ပူးပေါင်းစီစဉ်သော မြန်မာ၊ထိုင်း၊ ဥဇဘက်ကစ္စတန်နှင့် ကမ္ဘောဒီးယား လေးနိုင်ငံ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းမြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူရိုးရာ လက်ဝှေ့ရုံ၌ ကျင်းပမည်ဖြစ်ပြီး စုစုပေါင်းတွဲဆိုင်း ခုနစ်ဆိုင်း ထည့်သွင်းထားကာ မြန်မာနှင့် နိုင်ငံတကာ တွဲဆိုင်းငါးဆိုင်း ပါဝင်မည် ဖြစ်သည်။

တွဲဆိုင်းများအဖြစ် စောဂေါ်မူဒို (သတ္တိ) နှင့် ဝီဂျစ် (ခ) ပရော့စမွေ (Thai Fight)၊ မိုက်ရိုင်းလေး (ရွှေဖူး) နှင့် တူလာဘေး (ဥဇဘတ်ကစ္စတန်)၊ ကြယ်စင်ဖြိုး (ရိုးရာပုဂံ)နှင့် ဒင်ဘိုဆိုင်း(ထိုင်း)၊ မိုးဟိန်း (မြိုင်ကလေး ဘိလပ်မြေ စက်ရုံ) နှင့် လိုင်ဖေး (ကမ္ဘောဒီးယား)၊ ကရင်လေး (ခ) ဖဒါ့ဝယ် (လူ့စွန့်မွေထိုင်းဂျင်) နှင့် ဝွန်းစွန် (ထိုင်း) တို့ ပါဝင်သည့် နိုင်ငံတကာ တွဲဆိုင်းငါးဆိုင်းနှင့် ပြည်တွင်းငါးချီ စိန်ခေါ်ပွဲ တွဲဆိုင်းနှစ်ဆိုင်းအဖြစ် ဒေါင်းဖြူလေး (Adventure) နှင့် ကောင်းကောင်း (ဘိလပ်မြေစက်ရုံ)၊ ဆလိုင်းချမ်းမြေ့ကို (ထွန်းသွင်) နှင့် ရဲရင့်သွေး (1886 Mandalay) တို့ဖြစ်သည်။

လက်ရှိတွင် လက်မှတ်ဈေးနှုန်းများ သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ယခင်ထက် လျှော့ချရန်စီစဉ်နေကြောင်း သိသည်။

ထို့ပြင်ပြိုင်ပွဲကို မြန်မာ့ရိုးရာလက်ဝှေ့ နည်းစနစ်အတိုင်း အလဲထိုးစနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကာ အမှတ်ပေးစနစ် မပါဝင်ကြောင်းနှင့် အနားတောင်းခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...