Social Icons

Pages

Wednesday, June 14, 2017

တီဘီရောဂါ ရှာဖွေစမ်းသပ်ခြင်းကို ရွေ့လျားဓာတ်မှန် ယာဉ်နှစ်စီးဖြင့် ဇူလိုင်လကုန်တွင် စတင်ဆောင်ရွက်မည်



ရန်ကုန် ၁၄-၆-၂၀၁၇

အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်နှင့် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေအဖွဲ့ (3MDG) တို့ပူးပေါင်းပြီး တီဘီရောဂါ ရှာဖွေစမ်းသပ်ခြင်းကို ရွေ့လျားဓာတ်မှန် ယာဉ်နှစ်စီးဖြင့် ဇူလိုင်လ ကုန်မှစ၍ လိုက်လံဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အမျိုးသားတီဘီ ရောဂါတိုက်ဖျက်ရေး စီမံကိန်း ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင် ထံမှသိရသည်။

မြန်မာနိုင်ငံ၌ တီဘီရောဂါ ဖြစ်ပွားကူးစက်မှုများကို လျှော့ချရန် ရွေ့လျားဓာတ်မှန် ယာဉ်နှစ်စီးဖြင့် ရောဂါများရှာဖွေ ကုသပေးမည် ဖြစ်သည့်အပြင် အကျဉ်းထောင်များ အတွက်လည်း ဆောင်ရွက်နိုင်ရန် အကျဉ်းဦးစီးဌာနနှင့် ညှိနှိုင်းဆောင် ရွက်မည်ဖြစ်သည်။ တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသရေး အထူးယာဉ်နှစ်စီးကို မန္တလေးမြို့၌ တစ်စီးနှင့် ရန်ကုန်မြို့၌တစ်စီး ထားရှိမည်ဖြစ်ကြောင်း သိရသည်။

တီဘီရောဂါ ကွင်းဆင်းရှာဖွေ ကုသရေး အထူးယာဉ်ပေါ်၌ ဓာတ်မှန်ရိုက်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်သည့် အတွက်ရလဒ်ကို ချက်ချင်းသိရှိနိုင်ကာ ကုသမှုကို လျင်မြန်စွာစတင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...