Social Icons

Pages

Wednesday, June 14, 2017

လဲချားမြို့၌ တရားမ၀င်သစ်များ တင်ဆောင်လာသူများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ



နေပြည်တော် ၁၄-၆-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့၏ တောင်ဘက် ၈ မိုင်ခန့်အကွာရှိ ပင်လုံ-လဲချားသွား ကားလမ်းအနီး၌ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းသည် ဇွန် ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ဦးအိုက်စိုင်း (ဘ) ဦးအိုက်ကို မောင်းနှင်၍ ဦးကျော်သူရ (ဘ) ဦးကျော်ဆန်း လိုက်ပါလာသည့် နစ်ဆန်း SERNAR အမျိုးအစားမော်တော်ယာဉ် အမှတ်၊ YGN-9F/---နှင့် ဦးနောင်ဟန် (ဘ) ဦးအေးမောင် မောင်းနှင်၍ ဦးစံညွန့်(ဘ) ဦးစံပေါင်းလိုက်ပါလာသည့် နစ်ဆန်း AD အမျိုးအစား မော်တော်ယာဉ် အမှတ်၊ MDY-DD/---တို့အား ရပ်တန့်စစ်ဆေးရာ ယာဉ်များပေါ်မှ တရားမ၀င် တင်ဆောင်လာသည့် ပိတောက်ခွဲသား ဆိုဒ်စုံ(သုည ဒသမ ၉၅ တန်ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းသည် လဲချားမြို့၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ၌ ဦးဟိန်းမင်းဇော် (ဘ) ဦးလှမင်းအောင် မောင်းနှင်၍ ဦးအောင်ခိုင်(ဘ) ဦးမောင်အေး လိုက်ပါလာသည့် တိုယိုတာ ALPHARD အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN-7D/---တပ်ထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဦးစိုင်းသန်းစိန် (ဘ) ဦးစံကြီး မောင်းနှင်၍ မနန်းခမ်းမိုင် (ဘ ) ဦးဖိုးစိန် လိုက်ပါလာသည့် တိုယိုတာ ALPHARD အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY-7J/----တပ်ထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရာ တရားမ၀င် တင်ဆောင်လာသည့် ပိတောက်ဓားရွေတုံး ( ၁ ဒသမ ၆ တန်ခန့်) နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ သစ်များနှင့် မော်တော်ယာဉ်များ အားလဲချားနယ်မြေ ရဲစခန်းနှင့် လဲချားမြို့ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...