Social Icons

Pages

Tuesday, May 23, 2017

မကွေးမြို့နယ် အတွင်းရှိ လေဘေးသင့် ဒေသများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်


အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ က ပြိုလဲနေသည့် သစ်ပင်ကြီးများကို 
ခုတ်ထွင်ရှင်းလင်းပေးစဉ်။

နေပြည်တော် ၂၃-၅-၂၀၁၇

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် အတွင်း မေ ၂၁ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုများကြောင့် မကွေးမြို့၊ မြသလွန်စေတီတော် ပရိဝုဏ်အတွင်းရှိ သာသနိကအဆောက် အအုံများ ပျက်စီး ပြီး ဆုံရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်၊ သိင်္ဂါဂီရိရပ်ကွက်၊ သရက်ပင်ကွက် ကျေးရွာ၊ ကျွန်းစုကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ဝါးတော်ချောင်းကျေးရွာနှင့် အေးမြသာယာ ကျေးရွာတို့၌ သစ်ပင်ကြီးများ ပြိုလဲကာ ဘုန်းတော်ကြီးကျောင်း လေးကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊ ကျန်းမာရေး ဆေးပေးခန်း တစ်ခန်းနှင့် နေအိမ် ၃ဝ၃ လုံးတို့၏ အမိုးများ ပေါက်ပြဲပျက်စီးပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ လေဘေးသင့် ဒေသများသို့ ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ပြိုလဲနေသည့် သစ်ပင်ကြီးများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ပြိုကျပျက်စီးနေသည့် အဆောက်အအုံများနှင့် ပျက်စီးသွားသည့် အဆောက်အအုံ အမိုးများကို ဖယ်ရှားရှင်းလင်း၍ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...