Social Icons

Pages

Tuesday, May 23, 2017

ဘားအံမြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်


အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများ အားကျန်းမာရေး
                                    စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။


နေပြည်တော် ၂၃-၅-၂၀၁၇

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ တံတားဦးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား မေ၂ဝ ရက်နှင့် ၂၁ ရက်တို့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အိန္ဒုကျေးရွာရှိ ရတနာမာန်အောင် ကျောင်းတိုက်နှင့် တံတားဦးကျေးရွာအခြေခံ ပညာမူလတန်းကျောင်းတို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် အရိုးရောဂါ၊ သွားရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ ကလေးရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ ၃၄၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများအား မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ သို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များသည် မေ ၂၁ ရက်တွင် သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...