Social Icons

Pages

Friday, May 19, 2017

ပေါက်တောမြို့ရှိ မီးဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်


အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က မီးဘေးသင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

နယ်မြေခံတပ်မတော်သားများက မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၉-၅-၂၀၁၇

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ အမှတ် (၃) ရပ်ကွက်၌ မေ ၁၇ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၅ဝ ခန့်တန်ဖိုးရှိ နေအိမ် ၂၃ လုံးနှင့် ရဲကင်းရုံတစ်ခုတို့ မီးလောင်ပျက်စီး ဆုံးရှုံးပြီး ဒေသခံ ပြည်သူ ၁၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့ ယင်းနေ့မွန်း လွဲပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် မီးလောင်ဒဏ်ရာရရှိသူ သုံးဦးအပြင် အရိုး/ အကြောရောဂါ၊ သွေးတိုးရောဂါ၊ အစာအိမ်ရောဂါ၊ အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ၊ အရေပြားရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ စုစုပေါင်း ၁၃၂ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသ ရန်လိုအပ်သော လူနာများအား စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...