Social Icons

Pages

Friday, May 19, 2017

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၌ အလင်းပေးမှုစနစ်သစ်ကို မေလကုန်တွင် တပ်ဆင်မည်




မန္တလေး ၁၉-၅-၂၀၁၇

မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၌ လျှပ်စစ်မီးအလင်းပေး မှုစနစ်သစ်ကို မေလကုန်တွင် စတင်တပ်ဆင်သွားမည် ဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးထံမှ သိရသည်။

အဆိုပါလျှပ်စစ်မီး အလင်းပေးစနစ်သစ် တပ်ဆင်ပြီးစီးပါက ဇွန် ၁ ရက်တွင် ဆရာတော် ဘုရားကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်၍
ဖွင့်ပွဲပြုလုပ် သွားမည်ဖြစ်သည်။ အဆိုပါလျှပ်စစ်မီး ပေးသည့် MH Generator မီးသည် အနည်းဆုံးနာရီပေါင်း ၆ဝဝဝ ကျော်နှင့် LED Generator မီးသည် အနည်း ဆုံးနာရီပေါင်း ၅ဝဝဝဝ ကျော်ပူဇော်နိုင်ပြီး ဖန်သားမျှင်ကြိုးသည် နှစ်ပေါင်း ၂ဝ ကျော်အထိ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အလင်းပေးမှုစနစ်သည် လျှပ်စစ်ဝါယာကြိုး ဖြင့်မဟုတ်ဘဲ ဖန်သားမျှင် အလင်းကြိုး ဖြစ်သည့်အတွက် မီးဘေးအန္တရာယ် စိုးရိမ်စရာ မရှိကြောင်း သိရသည်။

ဖန်သားမျှင် အလင်းကြိုးဖြင့် မီးထွန်းသည့် စနစ်သည် ရိုးရိုးမီးများကဲ့သို့ အပူမထွက်သည့် အတွက် ရှေးဟောင်း အမွေအနှစ်များကို မထိခိုက်နိုင်ခြင်း၊ လိုအပ်နေသည့် နေရာများ၌ လင်းစေပြီး မလိုအပ်သည့် နေရာများ၌ လျှော့ထွန်း နိုင်သည်။

ထို့ပြင် ဂေါပကအဖွဲ့ သက်တမ်းတစ်နှစ် ပြည့်တွင် ဖိုက်ဘာလိုင်း သွယ်တန်းပြီး ဖွင့်ပွဲပြုလုပ် ပေးသွားမည် ဖြစ်သည်။

အဆိုပါ မီးလင်းစနစ်သစ်အတွက် လိုအပ်သော ပစ္စည်းများသည် အီတလီနိုင်ငံမှ ပစ္စည်းများ ဖြစ်သည့်အတွက် ကြံ့ခိုင်မှု ပိုမိုကောင်းမွန်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...