Social Icons

Pages

Friday, May 19, 2017

ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (ရေ)မှ စစ်ရေယာဉ်များအား သွားရောက်လေ့လာ


ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့် သင်တန်းသား၊ သင်တန်းသူများ မြန်မာနိုင်ငံချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (ရေ)မှ စစ်ရေယာဉ်အား ကြည့်ရှုလေ့လာကြစဉ်။

လေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့် သင်တန်းသား၊ သင်တန်းသူများ စခန်းပေါင်းစုံ (RC Simulator) ပြိုင်ပွဲများ လက်တွေ့ယှဉ်ပြိုင်စဉ်။


နေပြည်တော် ၁၉-၅-၂၀၁၇

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂ဝ၁၇) တို့မှ သင်တန်းသား၊ သင်တန်းသူများသည် ယနေ့တွင် သင်တန်းနည်းပြများ နှင့်အတူ သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့သွားရောက်၍ သင်္ဘော တည်ဆောက်နေမှုများ၊ လွန်းတင်ပြင်ဆင် လျက်ရှိသည့် စစ်ရေယာဉ်များနှင့် အမှတ် (၃) ရေတပ်ဆိပ်ခံ တံတား၌ ဆိုက်ကပ်ထားသည့် စစ်ရေယာဉ်များအား သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ရေကြောင်း သွားလာရေးဆိုင်ရာ အထွေထွေ ဗဟုသုတများကို ရှင်းလင်း ပြသကြသည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (ရေ) မှ စစ်ရေယာဉ် နှစ်စင်းအား သွားရောက်ကြည့်ရှု လေ့လာကြသည်။

ထို့ပြင် မေ၁၆ ရက်နှင့် ၁၇ ရက် တို့တွင်လည်း စခန်းပေါင်းစုံ စစ်ရေးပြပြိုင်ပွဲများ၊ General Sea Terms ရေး/ဖြေစာမေးပွဲ၊ ကြိုးချည်ကြိုးထိုးပြိုင်ပွဲ၊ ရေတိုင်းခြင်းလက် တွေ့ပြိုင်ပွဲ၊ ပဲ့စင်တပ်ဖွဲ့ တာဝန်ဖွဲ့စည်း ဆောင်ရွက်မှု လက်တွေ့ပြိုင်ပွဲ၊ စခန်းပေါင်းစုံ လှေလှော်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ လေးယောက်လှော် ဝမ်းပြား မီတာ ၅ဝဝ ပြိုင်ပွဲ၊ အသင်းလိုက် ရွက်တိုက်ပြိုင်ပွဲနှင့် အလံအချက် ပြကြေးနန်းပို့/ ဖမ်းပြိုင်ပွဲတို့ကို ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ရှိ သီဟသူရထွန်းတင်ခန်းမ၊ စစ်ရေးပြခန်းမနှင့် တပ်မတော် (ရေ) လှေလှော် ရွက်တိုက်အသင်း (အင်းယားကန်) တို့၌ အသီးသီးပြုလုပ်ကြရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးသည်။

ထို့အတူ လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) တို့မှ သင်တန်းသား၊ သင်တန်းသူများ၏ စခန်းပေါင်းစုံ (RC Simulator) ပြိုင်ပွဲများ လက်တွေ့ယှဉ်ပြိုင် နေမှုတို့ကို ယနေ့နံနက်ပိုင်းတွင်တိုင်းမှူး နှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...