Social Icons

Pages

Friday, May 5, 2017

ဒေသခံပြည်သူများအတွက် တန်ဖိုးသင့်ထမင်းနှင့် ဟင်းလျာများ၊ အသီးအရွက်များနှင့် အသားငါးများ ဆက်လက်ရောင်းချ



တပ်ရင်းတပ်ဖွဲ့များက တန်ဖိုးသင့် ထမင်းနှင့်ဟင်းလျာများ ၊ အသီးအရွက် ၊ အသားငါးများ ရောင်းချပေးစဉ်။

နေပြည်တော် ၅-၅-၂၀၁၇

ဒေသခံပြည်သူလူထု၏ စားရေးတွင် အထောက်အကူ ဖြစ်စေရန်နှင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုအား တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်ရန်ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေး ခြံများမှထွက်ရှိသော သန့်ရှင်းလတ်ဆတ်သည့် အသား၊ ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးသင့်ထမင်းနှင့် ဟင်းလျာများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ကွပ်ကဲမှု
အောက် တပ်ရင်း/တပ်ဖွဲ့များက တပ်နယ်များ၌ ဒေသခံပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် စီစဉ်ရောင်းချပေး လျက်ရှိသည်။

ထိုသို့ရောင်းချ ပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ မြစ်ကြီးနားမြို့နယ်၊ ဒူကထောင်ရပ်ကွက်၊ အေးမြသာယာ ရပ်ကွက်နှင့် ဝိုင်းမော်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်တို့တွင်လည်းကောင်း၊ အရှေ့ပိုင်း
တိုင်းစစ်ဌာနချုပ်၌ တောင်ကြီးမြို့၊ စဝ်စံထွန်းဈေး၊ ဟိုပုံးမြို့မဈေးနှင့် ဆီဆိုင်မြို့မဈေးတို့ တွင်လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ခိုလမ်မြို့ဈေးအနီး၊ လင်းခေးမြို့ ပြည်သူ့ဆေးရုံရှေ့နှင့် မိုင်းနောင်မြို့ဈေးအနီးတို့တွင်လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၌ ကျိုင်းတုံမြို့၊ နောင်နွန်းရပ်ကွက်ရှိ ယန်းလူးဈေးရှေ့တွင်လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ မော်လမြိုင်မြို့၊ လေးထပ်ဈေးအနီး၊ ကော့ကရိတ်မြို့၊အမှတ်(၃)ရပ်ကွက်၊ လှိုင်းဘွဲ့မြို့၊ (ဃ)ရပ်ကွက် နှင့်ရေးမြို့၊ အောင်မေတ္တာရပ်ကွက် တို့တွင်လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ် ဌာနချုပ်၌ ထားဝယ်တပ်နယ် ဈေးနှင့် မောင်မရှောင်ကျေးရွာ၊ သရက်ချောင်းမြို့ဈေးရှေ့၊မြိတ်မြို့ဆိပ်ကမ်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ၊ ဘုတ်ပြင်းတပ်နယ်ဈေးနှင့် မြို့မဈေးအနီး၊ ကော့သောင်းမြို့၊ ဝင်းသူဇာ အရောင်းဆိုင်ရှေ့နှင့် နန္ဒဝန်ဈေးရှေ့တို့တွင်လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၌လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကားဝင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဈေးနှင့်အမှတ် (၅) ရပ်ကွက်၊ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ညောင်တုန်းမြို့နယ်၊ တာကွေ့ဈေးအနီး၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းလမ်းဆုံ၊သရက်ကုန်းဈေးနှင့် မြေနီကွင်းကျေးရွာ၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံဈေး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနှင့် ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်တို့ တွင်လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၌ ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ မြေနုဗောတံတားဆိပ်၊ ပြည်သူ့ဆေးရုံကြီးအနီး၊ ကွမ်းခြံဈေးအနီးနှင့် မော်လမြိုင်ကျွန်းမြို့၊ အဝေးပြေး ကားဂိတ်အနီးတို့ တွင်လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ မင်းပြားမြို့နယ်၊ ကမ်းနီလမ်းဆုံတွင်လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၌ ဟုမ္မလင်းမြို့မစည်ပင်သာယာဈေးနှင့် ဟားခါးမြို့၊ နာရီစင်အနီးတို့တွင် လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ မိတ္ထီလာမြို့နယ်၊ လျှော်ဖြူကန်ကျေးရွာ၊သာစည်မြို့နယ်၊ သပြေဝကျေးရွာဈေး၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲကျေးရွာ၊ ကျောက်ဆည်မြို့နယ်၊ သဲဖြူချောင်းကျေးရွာ နှင့်ပခုက္ကူမြို့နယ်၊ လမ်းရွာကျေးရွာ တို့တွင်လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ တောင်ငူမြို့၊အထွေထွေရောဂါ ကုဆေးရုံကြီး၊ ရေတာရှည်မြို့၊ ဈေးကြီးရှေ့၊ အုတ်တွင်းမြို့၊ ဗောဓိကုန်းလမ်းဆုံ၊ သံတောင်ကြီးမြို့၊ အင်းဝဘဏ်ရှေ့၊ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးရှေ့၊အင်းတကော်မြို့၊ အင်းတကော်တာဆုံနှင့်ခမိတ်ဈေးရှေ့၊ ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာ ဈေးရှေ့၊ ဖြူးမြို့နယ်၊ ညောင်ပင်သာဈေးရှေ့၊ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီးရှေ့နှင့် ပေါက်ခေါင်းမြို့မဈေးရှေ့၊ ပန်းတောင်းမြို့နယ်၊ ပဲကြီးကျေးရွာနှင့် ဒန့်သလွန်ကျေးရွာ၊ အင်းမမြို့၊ရေပြာတိုးချဲ့ရပ်ကွက်နှင့် တိမ်ညွန့်ကျေးရွာ ဈေးတို့တွင်လည်းကောင်း ဒေသခံပြည်သူ များအတွက် တန်ဖိုးသင့်ထမင်း၊ ဟင်းလျာများနှင့် သန့်ရှင်းလတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ၊ အသားငါးများကို ဈေးနှုန်းချိုသာစွာဖြင့် အသီးသီး ရောင်းချပေး ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...