Social Icons

Pages

Friday, May 5, 2017

တွံတေးမြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအားတွေ့ဆုံ


ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်း နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကိုကြည့်ရှုအားပေးစဉ်။

နေပြည်တော် ၅-၅-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ ဘုရားကြီးမင်္ဂလာတိုက်ကျောင်း မင်္ဂလာလူငယ် ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသင်တန်းကျောင်းရှိ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာတို့မှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မျက်စိရောဂါ၊ နှလုံးရောဂါ၊ အရိုး/အကြောရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ခွဲစိတ်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် သံဃာတော် ၁၂ ပါး၊ ကျောင်းသား၊ ကျောင်းသူ ၅၂ ဦးနှင့် ဒေသခံပြည်သူ ၅၅၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တစန္ဒိမာအား ဖူးမြော်၍ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်
ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် တွံတေးမြို့နယ်၊ နယ်မြေခံ တပ်ရင်းခန်းမ၌ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံအမှာစကား ပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးကာပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအတွက် အဝတ်အထည်များ၊ စားသောက်ဖွယ်ရာ များနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...