Social Icons

Pages

Friday, May 5, 2017

မြစ်ကမ်းပါးများ ပြိုကျမှုကြောင့် ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာရှိ နေအိမ်များအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း


တပ်မတော်သားများ ဗလဘကျေးရွာရှိ နေအိမ်များကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးစဉ်။

နေပြည်တော် ၅-၅-၂၀၁၇

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက် စားမှုကြောင့် မြစ်ကမ်းပါးများ မီတာ ၁ဝဝ ခန့်ပြိုကျလျက်ရှိ သဖြင့် မေ ၂ ရက်မှစ၍ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ပခုက္ကူ တပ်နယ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ကျေးရွာရှိ နေအိမ်များအား ဘေးအန္တရာယ်ကင်း လွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့အထိ နေအိမ် ၁၂ လုံးတို့ကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...