Social Icons

Pages

Friday, May 19, 2017

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (ရေ) မှစစ်ရေယာဉ်နှစ်စင်း ချစ်ကြည်ရေးခရီးရောက်ရှိ


တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (ရေ) မှစစ်ရေယာဉ်များအား တာဝန်ရှိသူများက ရန်ကုန်မြို့သီလဝါဆိပ်ကမ်း MITT တံတား၌ ကြိုဆိုနှုတ်ဆက်စဉ်။

နေပြည်တော် ၁၉-၅-၂၀၁၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (ရေ) မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူး RADM Shen Hao ဦးဆောင်ပြီး အရာရှိ၊ စစ်သည် စုစုပေါင်း ၅၅၃ ဦး လိုက်ပါလာသည့် စစ်ရေယာဉ် CNS Chang Chun-DDG 150 ESifh CNS Jingzhou-FFG 532 တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်မြင့်ဦးနှင့် တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ယာယီတာဝန်ခံ Dwm0efcH Mr.Chen Chen ၊စစ်သံမှူး Capt.Xiong Shaowei နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (ရေ)မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံတွင် မေ၂၁ ရက်အထိ နေထိုင်သွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ အထင်ကရနေရာ များအား သွားရောက်လေ့လာ လည်ပတ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...