Social Icons

Pages

Friday, March 24, 2017

သင်္ကြန်ကာလ ပိတ်ချင်းမြောင်လိုဏ်ဂူ အတွင်း အပူချိန်လျော့ ကျစေရေး ထိုင်းနိုင်ငံထုတ် Hatari အမျိုးအစား လေပန်ကာကြီးများ တပ်ဆင်ထား



ပြင်ဦးလွင် ၂၄-၃-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် ခရိုင် ပြင်ဦးလွင် မြို့နယ် ပိတ်ချင်းမြောင် လိုဏ်ဂူတော် အတွင်း အပူချိန်လျော့ကျ စေရေးအတွက် ထိုင်းနိုင်ငံထုတ် Hatari အမျိုးအစား လေပန်ကာကြီးများ တပ်ဆင် ပေးထားကြောင်း အဆိုပါ လိုဏ်ဂူ ဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ပိတ်ချင်းမြောင် လိုဏ်ဂူတော်သည် ဂူအစမှ အဆုံးထိ ၁၆ဝ၈ ပေ ထိရှည်လျားသည့် လိုဏ်ဂူကြီး တစ်ခုဖြစ်သည့် အတွက် ၎င်းဂူ အတွင်း၌ ခရီးသွားများ နေ့စဉ် ဝင်ရောက်သွား လာနေကြရာ ဂူအတွင်း၌ Oxygen ပြတ်လပ်မှု မရှိစေရေး အတွက် ဂူအပေါ်မှ လေဝင်ပေါက် နှစ်ပေါက်ကို ဖောက်လုပ် ပေးထားကြောင်း ထိုသို့ ဖောက်လုပ် ပေးလိုက်သည့် အတွက် ယခင်က ဂူအတွင်း အပူချိန်၂၇ ဒီဂရီ ဖာရင်ဟိုက် ရှိခဲ့ရာမှ ယခုလက်ရှိ အချိန်တွင်၂၄ ဒီဂရီဖာရင်ဟိုက် သို့ ရောက်ရှိခဲ့ကာ ဂူအတွင်း အပူချိန်ကို လျှော့ချ နိုင်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ လျှော့ချနိုင်ခဲ့ သော်လည်း လာမည့် သင်္ကြန်ကာလ တွင်နယ်ဝေး ဒေသများ အပြင်မြို့တွင်းမှ လာရောက် အပန်းဖြေ ကြသူများ ပိုမိုများပြား လာနိုင်သည့် အတွက် ၎င်းလေဝင်ပေါက် နှစ်ပေါက် ဖောက်လုပ် ပေးထား ရုံဖြင့် လုံလောက်မှု မရှိခြင်းကြောင့် အပူချိန်ကို လျှော့ချ နိုင်ရန်နှင့် Oxygen ပိုမို ရရှိစေရေး အတွက် ထိုင်းနိုင်ငံထုတ် လေပန်ကာကြီး များကို တပ်ဆင် ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မဟာနန္ဒမူ ပိတ်ချင်းမြောင် လိုဏ်ဂူ တော်ကြီးတွင် ယခုလက်ရှိ ပြည်တွင်း ၊ပြည်ပ ခရီးသွား ဝင်ရောက်မှု အနေဖြင့် တစ်လလျှင် ပျမ်းမျှ ဦးရေ ခြောက်သောင်း ကျော်လာရောက် လည်ပတ် လျက်ရှိရာ သင်္ကြန်ကာလ အတွင်းတွင် ခရီးသွား ပိုမိုဝင်ရောက် လာနိုင်သည့် အတွက် ၎င်းလိုဏ်ဂူ အတွင်း၌ လုံခြုံရေး အစီအမံများ ရေးဆွဲနေသည့် အပြင် အခြား ကျန်းမာရေးနှင့် သက်ဆိုင်သော အစီအမံ များကိုပါ ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက် နေကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...