Social Icons

Pages

Friday, March 24, 2017

မိတ္ထီလာမြို့တွင် ထင်းအစားထိုး ထိုင်းနိုင်ငံထုတ် ဓာတ်ငွေ့ရည် THAI GASLPGAS အရောင်းဆိုင်ဖွင့် လှစ်ရောင်းချ



မိတ္ထီလာ ၂၄-၃-၂၀၁၇

မြန်မာနိုင်ငံတွင် သစ်တော မပြုန်းတီးရေး၊ လျှပ်စစ်စွမ်းအင် လျော့နည်းရေးနှင့် အိမ်ရှင်မများ ချက်ပြုတ် ကြော်လှော် ရာတွင်အချိန် ကုန်သက်သာပြီး ဈေးနှုန်း ချိုသာသည့် ထိုင်းနိုင်ငံထုတ် ရေနံဓာတ်ငွေ့ ရည်ကို AWRA TRADING CO.,LTD ထင်းအစားထိုး FILLING STATIONS က မိတ္ထီလာ မြို့တွင် THAI GASLPGAS အရောင်းဆိုင်များ ဖွင့်လှစ်၍ ရောင်းချလျက် ရှိရာ ဧပြီလမှ စတင်ကာ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့ကို လက်လီ၊ လက်ကား ဖြန့်ချိရောင်း ချသွားမည် ဖြစ်ကြောင်း AWRA TRADING CO.,LTD မှ သိရသည်။ 

AWRA TRADING CO.,LTD က THAI GASLPGAS ကိုမိတ္ထီလာမြို့ မိတ္ထီလာ-မြင်းခြံ လမ်းအထွက် မိတ္ထီလာ-မြင်းခြံသွား ကားလမ်းကျောင်း ရာကန်ကျေးရွာ အုပ်စု သရက်အုပ် ကျေးရွာအနီး ကားလမ်းဘေး မြေဧက ၂ ဒသမ ဝ၃ ဧကပေါ်တွင် သဘာဝ ရေနံဓာတ် ငွေ့ရည် အလုပ်ရုံ တည်ဆောက်ပြီး မန္တလေးမြို့၊မုံရွာမြို့၊ရေနံချောင်း မြို့၊ ချောက်မြို့နှင့် တောင်ကြီးမြို့ တို့တွင် ရေနံ ဓာတ်ငွေ့ရည် အရောင်းဆိုင် ဖွင့်လှစ်၍ လက်လီ၊ လက်ကား တွင်ကျယ်စွာ ဖြန့်ဖြူးရောင်း ချသွားမည် ဖြစ်ကြောင်း သိရသည်။ 

ယခုအခါ သဘာဝ ရေနံဓာတ် ငွေ့ရည်ကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ တို့က ဖြန့်ဖြူး ရောင်းချ နေကြောင်း၊ မိတ္ထီလာ ဓာတ်ငွေ့ရည် အရောင်းဆိုင်မှ လက်လီ၊ လက်ကား အနေဖြင့် ဓာတ်ငွေ့ရည် တန် ၅ဝဝ မှ ၇ဝဝ ထိ ရောင်းချ နေကြောင်း သိရသည်။ 

ထိုင်းရေနံ ဓာတ်ငွေ့ရည် အသုံးပြု ခြင်းအားဖြင့် သစ်တော ပြုန်းတီးမှုမှ ကာကွယ်ပြီး ထင်းအစားထိုး လောင်စာ အဖြစ်အသုံး ပြု၍လျှပ်စစ် စွမ်းအင် လျော့နည်းရေး နှင့်အိမ်ရှင်မများ ချက်ပြုတ်ရာတွင် အလွယ်တကူ ချက်ပြုတ် အသုံးပြုနိုင် ကြောင်းကုမ္ပဏီ တာဝန်ခံ ဦးကျော်မျိုးနိုင်က ပြောပြသည်။

မိတ္ထီလာမြို့ ပင်မဓာတ်ငွေ့ရည် အရောင်းဆိုင်မှ လစဉ် ဓာတ်ငွေ့ရည် တန်ချိန် ၃ဝဝဝ ကျော် ဖြန့်ဝေ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...