Social Icons

Pages

Friday, March 24, 2017

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေပမာဏ ငါးဆခန့်နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုငွေပမာဏ သုံးဆခန့်တိုးတက်လာ



မန္တလေး ၂၄-၃-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးအတွင်း ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ယခင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်ထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ ငါးဆခန့်နှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ သုံးဆခန့် တိုးတက် လာကြောင်း မန္တလေးတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးက ပြောပြသည်။ 

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ အမေရိ ကန်ဒေါ်လာ သန်း ၁၆ဝ ကျော်သာ ရှိခဲ့ပြီး ယခု ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ငွေပမာဏ အမေရိကန် ဒေါ်လာ ၇၂၄ သန်းကျော် ရင်းနှီး မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ 

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံသား ရင်းနှီး မြှုပ်နှံမှု ငွေပမာဏ ငွေကျပ် ဘီလီယံ ၃၁ဝ ကျော်ရှိခဲ့ရာမှ ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံသား ရင်းနှီး မြှုပ်နှံမှု ငွေပမာဏ ငွေကျပ် ဘီလီယံ ၉ဝဝကျော် ရင်းနှီးမြှုပ်နှံ ခဲ့သည်။ 

မန္တလေးတိုင်း ဒေသကြီး အတွင်း ခုနှစ်တွင် နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၁ ခုရှိခဲ့ပြီး စက်မှု စိုက်ပျိုးရေး သတ္တုနှင့် အခြားလုပ်ငန်း များကို ရင်းနှီးမြှုပ်နှံ ခဲ့ခြင်း ဖြစ်သည်။ 

မန္တလေးတိုင်း ဒေသကြီး အတွင်း နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၃ ခုရှိခဲ့ပြီး စက်မှု သတ္တုနှင့် ဟိုတယ် ခရီးလုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပြုလုပ် ကြရာတွင် စက်မှု ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော် အစိုးရ အနေဖြင့် တစ်နိုင်ငံလုံး တွင် ယခု ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ် အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ အမေရိ ကန်ဒေါ်လာ ခြောက်ဘီလီယံ ရရှိရန် ရည်မှန်း ဆောင်ရွက်ခဲ့ရာ မတ်လဆန်းထိ ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ အမေရိကန် ဒေါ်လာ ၆ ဒသမ၂၇ ဘီလီယံ ရှိခဲ့သောကြောင့် လျာထားချက် ပြည့်မီ ကျော်လွန် ခဲ့ကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...