Social Icons

Pages

Thursday, March 9, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသဘော် (သံလွင်) ပြန်လည်ရောက်ရှိ ၊ ဒေသခံပြည်သူ ၉၂၃၁ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


တပ်မတော်ပင်လယ်သွား ဆေးရုံသဘော် (သံလွင်) မှ တပ်မတော်နယ်လှည့် 
အထူးကုဆေးအဖွဲ့အား တာဝန်ရှိသူများက ကြိုဆိုစဉ်

နေပြည်တော် ၊ ၉-၃-၂၀၁၇

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ များပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသ များနှင့် ဟိုင်းကြီးကျွန်းမြို့ တို့ရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

ထိုသို့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၉၆၃ ဦး၊ ခွဲစိတ်ရောဂါ ၁၂ဝ၉ ဦး၊ ကလေးရောဂါ ၈၆၁ ဦး၊ သားဖွား/မီးယပ် ရောဂါ ၄၈၇ ဦး၊ အရိုးရောဂါ ၁၁၆၅ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၁ဝ၆၉ ဦး၊ မျက်စိရောဂါ ၁၆၇၂ ဦးနှင့် သွားရောဂါ ၈ဝ၅ ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ၉၂၃၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၂၂၂ ဦး၊ သွားရောဂါလူနာ ၈၃၉ ဦးနှင့် အထွေထွေခွဲစိတ် လူနာ ၁၂၃ ဦးတို့ကို ဆေးရုံသင်္ဘော ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ ၈ဝ၁ ဦးနှင့် ECG စက်ဖြင့်နှလုံး စမ်းသပ်လူနာ ၆၂၆ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ထို့ပြင်ဆေးရုံ တက်ရောက် ကုသရန်လိုအပ်သည့် ဒေသခံပြည်သူ ၄၂၆ ဦးအား ဆေးရုံ သင်္ဘောပေါ်တွင် ဆေးရုံတင် ကုသပေးပြီး ဆေးရုံလွှဲပြောင်း ကုသရန်လိုအပ်သော လူနာ ၃၁ ဦးအား သက်ဆိုင်ရာမြို့ များရှိ တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသ နိုင်ရေးစီစဉ် ဆောင်ရွက်ပေး ခဲ့သည်။

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)ဖြင့် ယခု သွားရောက်သော ကျန်းမာရေး စောင့်ရှောက်မှု ခရီးစဉ်သည် ပဉ္စမအကြိမ် မြောက်ဖြစ်ပြီး ပထမအကြိမ် အဖြစ် ကိုကိုးကျွန်း မြို့နှင့် ဟိုင်းကြီးကျွန်းမြို့၊ ဒုတိယအကြိမ် အဖြစ် ရခိုင်ကမ်းရိုးတန်း ဒေသ၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် အဖြစ် တနင်္သာရီ ကမ်းရိုးတန်း ဒေသများသို့ သွားရောက်၍ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ  ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...