Social Icons

Pages

Thursday, March 9, 2017

မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ


မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကျင်းပစဉ်

နေပြည်တော် ၊ ၉-၃-၂၀၁၇

(၂၄)ကြိမ်မြောက်၊ မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ကို ယမန်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး ခုတင်-၅ဝဝ၊ ဆင်ဖြူရှင်ခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်ရာ တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်း နှင့် တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ နိုင်ငံတကာ ဆေးပညာရှင်များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဆေးတက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထား သူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက် ကြသည်။

နှီးနှောဖလှယ်ပွဲ ဒုတိယနေ့တွင် Major Symposium အဖြစ် Kidney Transplantation in Military Medicine: Past, Present & Future တစ်ခု ၊ Clinical Session တစ်ခု ၊ Symposium အဖြစ် Reviewing Nursing Documentation Practice in Myanmar Military Health Care Setting တစ်ခုနှင့် Current Concept in Diagnosis and Management of Osteoarthritis တစ်ခု၊ Buliding Shared Vision in Myanmar Military Medicine: Health Related Quality of Life တစ်ခုနှင့် Special Talk တစ်ခုတို့အား ဆွေးနွေးကြသည်။

ထို့ပြင် အဏုဇီဝဗေဒ ဆိုင်ရာ သုတေသန စာတမ်း ခြောက်စောင်၊ ပြန်လည် သန်စွမ်းမှု ဘာသာရပ်ဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ အရိုးရောဂါ ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းသုံးစောင်၊ ရောဂါဗေဒ ဆိုင်ရာ သုတေသန စာတမ်း လေးစောင်၊ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ သုတေသန စာတမ်း ငါးစောင်တို့ကို ဖတ်ကြား တင်သွင်းကြပြီး တက်ရောက် လာကြသူများ၏ မေးမြန်းချက်များ အပေါ် ပြန်လည်ဖတ်ကြား ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...