Social Icons

Pages

Wednesday, March 15, 2017

မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးငလျင်ကြောကြီး နှစ်ခုအနက် တစ်ခုပေါ်တွင်တည်ရှိနေ၍ ပြည်သူများအနေဖြင့် ငလျင်နှင့် ပတ်သက်၍ အမြဲသတိရှိရန်လိုအပ်



နေပြည်တော် ၁၅-၃-၂၀၁၇

မြန်မာ နိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး ငလျင်ကြောကြီး နှစ်ခု အနက် တစ်ခု ပေါ်တွင် တည်ရှိပြီး စစ်ကိုင်း ပြတ်ရွေ့ အပြင် ပြတ်ရွေ့ငယ် များစွာ ရှိနေသည့် အတွက် ငလျင်နှင့် ပတ်သက်၍ ပြည်သူများ အနေဖြင့် အမြဲ သတိရှိရန် လိုအပ်ကြောင်း မြန်မာ နိုင်ငံ မြေငလျင် ကော်မတီ ထံမှ သိရသည်။

ယခုနှစ် အတွင်း ဇန်နဝါရီလ မှစ၍ မတ် ၁၃ ရက်ထိ မြန်မာနိုင်ငံ ပြည်တွင်း၌ ငလျင် စုစုပေါင်း ၁၆ ကြိမ်ထိ လှုပ်ခတ် ခဲ့ပြီး ဖြစ်ကာ လက်ရှိ မတ် ၁ဝ ရက် အတွင်း ငလျင် လေးကြိမ်ထိ လှုပ်ခတ် ထားပြီး ငလျင် လှုပ်ခတ် မှုများ အကြိမ် ရေစိပ် လျက်ရှိ ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်) ၏ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။

မတ် ၁၃ ရက် ညပိုင်းတွင် တိုက်ကြီး မြို့အနီး နာရီပိုင်း အတွင်း နှစ်ကြိမ် လှုပ်ခတ် ခဲ့သည့် ငလျင် များမှာ စစ်ကိုင်း ပြတ်ရွေ့မှ လှုပ်ခတ်ခြင်း မဟုတ်ဘဲ တိုက်ကြီး ဒေသရှိ ပြတ်ရွေ့ ငယ်တစ်ခုမှ လှုပ်ခတ် ခြင်းဖြစ် ကြောင်း မြန်မာ နိုင်ငံ မြေငလျင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်က ပြောပြသည်။

''အနောက် ပဲခူးရိုးမ ပြတ်ရွေ့ရဲ့ အခက် အလက် တစ်ခုပါ။ ဒီပြတ်ရွေ့နဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာ ထားတာ တွေတော့ မရှိ သေးဘူး။ မှတ်တမ်း တွေအရ ပြင်းအား ကြီးငလျင် လှုပ်ခတ် တာတွေ မတွေ့ရပါဘူး ''ဟု၎င်းက ပြောပြသည်။

အဆိုပါ ပြတ်ရွေ့ ငယ်မှ ငလျင် ငယ်များ (ပမာဏ ရစ်ခ်ျတာစကေး ငါးဝန်းကျင်)တစ်နှစ် လျှင်တစ်ကြိမ်၊ နှစ်ကြိမ်ခန့် လှုပ်ခတ် လေ့ရှိပြီး တိုက်ကြီးမြို့ ငလျင်ကြောင့် အဆောက် အအုံအချို့ ထိခိုက် ပျက်စီးခဲ့ရာ လူ ၂ဝ ကျော် ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

မြန်မာ နိုင်ငံတွင် ၁၉၇၅ ခုနှစ် မှ ယနေ့ထိ အင်အား ပြင်းငလျင် ရှစ်ကြိမ် ထိလှုပ်ခတ် ခဲ့ပြီး ၂ဝ၁၁ ခုနှစ် တာလေမြို့တွင် လှုပ်ခတ်ခဲ့ သည့် အင်အား ရစ်ခ်ျတာ စကေး ၇ ဒသမ ၁ ရှိသည့် ငလျင်သည် အင်အား အပြင်းဆုံး ဖြစ်ပြီး လူပေါင်း ၇၆ ဦး သေဆုံး ခဲ့သည်။

စစ်ကိုင်း ပြတ်ရွေ့တစ်လျှောက် ရှိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအဝင် မြို့ကြီး ၁ဝ မြို့ခန့်တွင် စစ်ကိုင်း ပြတ်ရွေ့၌ အင်အား ပြင်းထန်သော ငလျင် လှုပ်ခတ် ပါက ဘေးအန္တရာယ် ကြီးမားစွာ ကျရောက် နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီက သတင်း ထုတ်ပြန် ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...