Social Icons

Pages

Monday, June 26, 2017

တံတားဦးမြို့နယ် တောင်ပြုံး (မ) ကျေးရွာတွင် ဖဲရိုက်လောင်းကစားပြုလုပ်သူများကို သက်သေခံပစ္စည်းများနှင့် အတူဖမ်းမိ



တံတားဦး ၂၆-၆-၂၀၁၇

တံတားဦးမြို့နယ် တောင်ပြုံး (မ) ကျေးရွာတွင် ဖဲရိုက်လောင်း ကစားပြုလုပ်သူများကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် မြို့မရဲစခန်းရဲအုပ် မောင်မောင်ဆွေသည် ဇွန်၂၄ရက် မွန်းတည့်၁၂နာရီက နယ်ထိန်းခေါင်းဆောင် တာဝန်ထမ်းဆောင်နေစဉ် တောင်ပြုံး (မ) ကျေးရွာတွင် ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရတပ်ဖွဲ့ဝင်များ၊ အသိသက်သေများအဖြစ် တံတားဦးမြို့ အမှတ်(၁) ရပ်ကွက် ရာအိမ်မှူး ဦးဘဌေး၊ ဦးအောင်ဆန်းဝင်း၊ တောင်ပြုံး (မ) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဆန်းတို့ နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်စိုး၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့် လောင်းကစားနေအိမ်သို့ ဝင်ရောက် ရှာဖွေရေး ဖမ်းဆီးခွင့် ဝရမ်းအမှတ် (၈/၂ဝ၁၇) ဖြင့် ဝင်ရောက်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် ဖမ်းဆီးရာတွင် တံတားဦးမြို့နယ် တောင်ပြုံး (မ) ကျေးရွာမှ ဖိုးခွား (ခ) သော်ဇင်ဦး၏ နေအိမ် ဧည့်ခန်းအတွင်း၌ တောင်ပြုံး (မ) ကျေးရွာနေ သူများဖြစ်ကြသည့် ဇော်မင်းအောင်၊ ဆီကျော်၊ကုလား၊ဦးညို၊ဖိုးခွား(ခ) သော်ဇင်ဦးနှင့် လဝကဲကျေးရွာမှ ထွန်းကြိုင်တို့ကို ဖမ်းဆီးရမိပြီး ဖဲရိုက်လောင်း ကစားပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သော အေသုံးလုံး တံဆိပ်ပါ ဖဲချပ် ၁ဝ၈ချပ်၊ ငွေကျပ် ၇၆ဝဝဝ၊ အကြွေစေ့အဖြစ် အသုံးပြုသော အစိမ်းရောင် မျက်စဉ်းဘူး ၂၉ခု၊ အောက်ခံ အခင်းအဖြစ်အသုံးပြုသော အဝါ၊ အစိမ်းကွက် ပုဆိုးတစ်ထည်၊ ခရမ်းရောင်၊ အနီရောင်၊ အဝါရောင်တို့ပါရှိသော အခင်းနှစ်ခုနှင့် ဝါးဖျာကြမ်းတစ်ချပ် တို့ကိုသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဖဲရိုက်လောင်းကစား သူများဖြစ်ကြသည့် ဇော်မင်းအောင်၊ ဆီကျော်၊ ကုလား၊ ဦးညို၊ ဖိုးခွား(ခ) သော်ဇင်ဦးနှင့် ထွန်းကြိုင်တို့ကို တံတားဦးမြို့မရဲစခန်းက(ပ) ၁၅၁/၂ဝ၁၇ လောင်းကစားဥပဒေ ပုဒ်မ-၁၃(က)/ ၁၄(က) အရ အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...