တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကမ္ဘောဒီးယားဘုရင့်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.POL SAROEUN တို့ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယားဘုရင့်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.POL SAROEUN နှင့် တွေ့ဆုံဆွေးနွေးစဉ်
နေပြည်တော် ၊ ၉-၃-၂၀၁၇
ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ယမန်နေ့ မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.POL SAROEUN က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည့် ကမ္ဘောဒီးယားဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သို့ ရောက်ရှိကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။
အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး( ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော်အရာရှိ ကြီးများ၊ ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမြင့်စိုး နှင့် စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းကို တို့ တက်ရောက်ကြပြီး ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ကမ္ဘောဒီးယား ဘုရင့်တပ်မ တော်မှ အရာရှိကြီးများ တက်ရောက် ကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့သည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှိ ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
ထိုသို့တွေ့ဆုံ ရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ယခုခရီးစဉ်သည် ကမ္ဘောဒီးယား နိုင်ငံသို့ မိမိ၏ ပထမဆုံးခရီးစဉ် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့်လည်း ပထမဆုံးအကြိမ် ရောက်ရှိခြင်း ဖြစ်၍ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှု သမိုင်းအတွက် ခြေလှမ်းသစ်တစ်ရပ် ဖြစ်ကြောင်း၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့သည် မွန်-ဗမာ မျိုးနွယ်စုများ ဖြစ်ကြပြီး ကိုးကွယ်သည့်ဘာသာ ယဉ်ကျေးမှုများ တူညီသောကြောင့် ညီအစ်ကို ကဲ့သို့ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲ စေနိုင်ကြောင်း၊ ၄င်းအပြင် အာဆီယံ၊ CLMV နှင့် GMS အဖွဲ့ဝင်နိုင်ငံ များလည်း ဖြစ်ခြင်းကြောင့် ထိတွေ့ဆက်ဆံမှု ပိုမို များပြားကြောင်း ပြောကြားသည်။ ယင်းနောက် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ ခရီးစဉ်အား ဂုဏ်ပြုကြိုဆို ကြောင်းနှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် အနေဖြင့် လေ့ကျင့်ရေး လုပ်ငန်းများ ကုလသမဂ္ဂ ငြိမ်းချမ်းရေး၊ လက်ရှိတွင် တာဝန် ထမ်းဆောင်ခြင်း လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တပ်မတော်နှစ်ရပ် အကြား ပူးပေါင်း ဆောင်ရွက်ရာတွင် အဆင့်ဆင့်သော တပ်မတော်ခေါင်းဆောင် များ၏ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ၊ လေ့ကျင့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ အားကစားအဖွဲ့များ အပြန်အလှန် ချစ်ကြည်ရေး ပြိုင်ပွဲများ လုပ်ဆောင်ခြင်း၊ တပ်မတော် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန် စေလွှတ်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်ရေး တို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက် လာကြသူများနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)
No comments:
Post a Comment