Social Icons

Pages

Tuesday, May 21, 2013

သဘာဝစိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်း ဖွင့်ပွဲကျင်းပ



မုံရွာ ၊ ၂၀-၅-၂၀၁၃

ကျေးလက် ဒေသနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ များ ရရှိစေရန် ရည်ရွယ်လျက် ဆောင်ရွက်ခဲ့သော သဘာဝ စိမ့်စမ်း ရေသွယ်ခြင်း လုပ်ငန်း ဖွင့်ပွဲကို စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးခရိုင် ၊ ကလေးမြို့နယ် ၊ နတ်ချောင်း ကျေးရွာ အုပ်စု ၊ ရေစိုကျေးရွာ တွင် မေလ ၁၈ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ ဖွင့်ပွဲမုခ်ဦး ရှေ့တွင် ကျင်းပရာ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးနိုထန်ကပ် ၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ၊ ကျေးရွာ ရေရရှိရေး ကော်မတီ ဥက္ကဋ္ဌ ၊ လူမှုရေး အသင်းအဖွဲ့များ ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများ ကျေးရွာနေ ပြည်သူများ တက်ရောက် ကြကြောင်း သိရသည်။

အခမ်းအနား တွင် ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး က အမှာစကား ပြောကြားပြီး နောက် မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ဖွင့်ပွဲမုခ်ဦး ကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကာ တာဝန်ရှိ သူများက ကျေးရွာ အတွင်းသို့ သဘာဝ စိမ့်စမ်းရေ ဖြန့်ဝေပေးမှု အခြေအနေ များကို လှည့်လည် ကြည့်ရှု ကြသည်။ အဆိုပါ သဘာဝ စိမ့်စမ်း ရေသွယ်ခြင်း လုပ်ငန်းအား ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေမှ ငွေကျပ် ၃၅ ဒသမ ၅ သိန်းကို မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ အကုန်အကျခံ ကာ ချင်းပြည်နယ် ပန်းမွန်ချောင်း ကျေးရွာရှိ လယ်ပိုင်ရှင် ဒေါ်မြင့်မြင့် ၏ လယ်မြေမှ အရှည် ၃၃၅၀ ပေ ပလတ်စတစ်ပိုက် များဖြင့် သွယ်တန်း စေပြီး ကျေးရွာတွင် စုပေါင်း ရေတိုင် ၅ ခု ပြုလုပ်ကာ ကျေးရွာအတွက် သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဝေ ပေးလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...